ချဲလ်ဆီးပရိသတ်တွေ ကိုယ်တိုင်က လာမယ့် ဘောလုံးရာသီ မစခင်မှာတင် နည်းပြ မာရက်စ်ကာ ရာထူးကနေ အထုတ်ခံရတော့မယ်လို့ နောက်ပြောင်ခန့်မှန်းနေကြပါတယ်။ မာရက်စ်ကာဟာ လက်ရှိနွေရာသီမှ အသင်းကို ရောက်ရှိလာခဲ့တာပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ချဲလ်ဆီးက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲ့ဒီနောက် လက်စတာနဲ့အတူ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ မာရက်စ်ကာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ဒါပေမယ့်လည်း မာရက်စ်ကာရဲ့ ချဲလ်ဆီးက ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ဆိုးတွေနဲ့သာ ရင်ဆိုင်နေရပါတယ်။ ဝရက်စ်ဟမ်းကို နှစ်ဂိုးစီ သရေကျခဲ့သလို ဆဲလ်တစ်ကိုလည်း ၁-၄ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။
ချဲလ်ဆီးကစားသမားတွေဟာ နည်းပြသစ်ရဲ့ ကစားပုံမှာ အံဝင်ဖို့ ခက်ခဲနေကြပြီး တစ်ဦးချင်းအမှားတွေကိုလည်း ဆက်တိုက်ကျူးလွန်နေကြတာပါ။ ချဲလ်ဆီးဟာ လာမယ့်ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ထိပ်တန်းအသင်းတွေနဲ့ ကစားရဦးမှာဖြစ်ပါတယ်။
ကလပ်အမေရိက၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်တို့နဲ့ ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကလည်း မန်စီးတီးနဲ့ ကစားရမှာပါ။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက မာရက်စ်ကာတစ်ယောက် ဒီအတိုင်း ဆက်သွားနေရင် ရာသီမစခင်မှာတင် အထုတ်ခံရမယ်လို့ လှောင်ပြောင်နေကြတာပါ။