• ရာသီသစ်မှာ နည်းပြသစ်နဲ့အတူ မတူညီတဲ့နေရာမှာ ကစားနေတဲ့မက်ဆီကို မြင်တွေ့ရဖွယ်ရှိ

နည်းပြသစ်လက်အောက်မှာ မက်ဆီ နေရာပြောင်းကစားရဖွယ်ရှိပါတယ်။

ပီအက်စ်ဂျီဟာ လာမယ့်ရာသီမှာ မက်ဆီကို နံပါတ် (၁၀) နေရာထားပြီး ကစားဖို့ စီစဥ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်မှာ ပီအက်စ်ဂျီက နိုက်စ်နည်းပြ ဂဲလ်တီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်နေပါတယ်။

image

ဒီနည်းပြဟာ ၃-၅-၂ အားသန်နည်းပြတယောက် ဖြစ်ပြီး သူ့လက်ထက်မှာ မက်ဆီက နံပါတ် (၁၀) နေရာမှာပဲ အမာခံကစားရဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီ ပိုချက်တီနိုလက်အောက်မှာ တိုက်စစ်ရဲ့ ညာခြမ်းကို ပိုမိုနေရာယူကစားခဲ့ရပါတယ်။

image

ဒီကစားကွက်မှာ မက်ဆီတယောက် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ရပြီး တရာသီလုံးမှာ သွင်းဂိုး (၁၁) ဂိုး၊ ဂိုးဖန်တီးမှု (၁၅) ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ အားကစားဒါရိုက်တာသစ် လူးဝစ်ကမ်းပို့စ်နဲ့အတူ ကမ်းပို့စ်စိတ်ကြိုက် ဂဲလ်တီယာကိုပါ နည်းပြသစ်အဖြစ် ခန့်အပ်မှာဖြစ်ပါတယ်။ လာမယ့်ရက်သတ္တပတ်အတွင်း ဒီအကြောင်းကို တရားဝင်ကြေညာဖို့ မျှော်လင့်ထားပါတယ်။

အသက် (၃၄) နှစ်အရွယ် မက်ဆီဟာ ဂဲလ်တီယာသာရောက်လာခဲ့ရင် ကွင်းလယ်တိုက်စစ်ကစားသမားစစ်စစ်အဖြစ်သာ ကစားရတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဒီ ၃-၅-၂ ကစားကွက်ကို ပိုချက်တီနိုက တခါအသုံးပြုခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က တိုက်စစ်မှူးနှစ်ယောက်နေရာမှာ အမ်ဘာပေ၊ ဒီမာရီယာတို့ တွဲကစားခဲ့ပြီး ပီအက်စ်ဂျီကလည်း အန်ဂါစ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပိုချက်တီနိုက ဒီကစားကွက်ကို အသုံးပြုခြင်းမရှိတော့ပါဘူး။ မက်ဆီအနေနဲ့ အခုလိုမျိုး နံပါတ် (၁၀) နေရာမှာ ကစားခွင့်ရမှာက သူ့အတွက်ရော၊ ပီအက်စ်ဂျီအတွက်ပါ အကျိုးရှိစေမယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။ 

Share

Loading Next Article...
က္က