• ရောဘတ်ဆန်ကို အပီပိုင်းခဲ့တဲ့ ကိန်း အနီကတ်မထိလို့ တင်းနေတဲ့ ကလော့ပ်

အဝါကတ်ပြားသာ သတိပေးတဲ့အနေနဲ့ ပြသခဲ့တာပါ။
[Zawgyi Version]

တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ပွဲစဉ်အတွင်း ရောဘတ်ဆန်ကို အပြင်းအထန် ဒဏ်ရာရရှိသွားစေနိုင်တဲ့ ဖျက်ထုတ်မှုမျိုး ပြုလုပ်ပြီးနောက်ပိုင်း အနီကတ်ပြား ပြသခြင်းမခံခဲ့ရတာကြောင့် လီဗာပူးလ်နည်းပြ ကလော့ပ်က ဒေါသအိုးပေါက်ကွဲခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အဆင်အခြင်မဲ့တဲ့ ဖျက်ထုတ်မှုနဲ့ ရောဘတ်ဆန်ကို အနာတရ ဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဟယ်ရီ ကိန်းဟာ လျှောထိုးဖျက်ထုတ်ခဲ့ရာမှာ စကော့တလန်နောက်ခံကစားသမားရဲ့ ညှို့သကျည်းကို ဖြတ်ကန်မိခဲ့တာဖြစ်ပြီး အခန့်မသင့်ရင် ခြေထောက် ၂ ပိုင်း သွင်သွင်ကျိုးသွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ အဆင်အခြင်မဲ့ ဖျက်ထုတ်ခဲ့တဲ့ ဟယ်ရီ ကိန်းကို ကွင်းလယ်ဒိုင်က အဝါကတ်ပြားသာ သတိပေးတဲ့အနေနဲ့ ပြသခဲ့တာကြောင့် ကွင်းဘေးစည်းမှာ ဒေါသတွေ ပေါက်ကွဲနေခဲ့တာဖြစ်ပါတယ်။ ရောဘတ်ဆန်ကို ဟယ်ရီ ကိန်းရဲ့ ဖျက်ထုတ်ပုံဟာ လူမှုကွန်ရက်မှာပါ ပျံ့နှံ့သွားခဲ့ပြီး ဘောလုံးပရိသတ်အမျာစုကတော့ အဲဒီ ဖြစ်စဉ်ဟာ အနီကတ်ပြား ပြသရမယ့် ပြစ်ဒဏ်ကျူးလွန်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။

"အဲဒါက ကျိန်းသေပေါက် အနီကတ်ပဲ။ လွန်ခဲ့တဲ့ ရာသီအနည်းငယ်တုန်းက တန်ဂန်ဂါကို ရောဘတ်ဆန် ဖျက်ထုတ်ခဲ့တာတောင် သတိရသွားစေတယ်။ ခဏရပ်တာနဲ့ VAR ပြန်ကြည့်တာမျိုးမရှိခဲ့ဘဲ ကိန်းက လမ်းလျှောက်နေတာနဲ့ ပြီးသွားတယ်။ ဘာမှ မလုပ်ခဲ့တာတော့ ထူးဆန်းတယ်"လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး "မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးက ကျွန်တော့်ကို ကိန်းရဲ့ဖျက်ထုတ်မှုက အရှက်ရစရာဖြစ်ခဲ့ပြီး အဲဒီလို ဖျက်ထုတ်တဲ့ ဘယ်သူမဆို ထုတ်ပယ်ခံရသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒိုင်လူကြီးတွေအစား အရှက်ရမိပါတယ်"လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ လီဗာပူးလ်တို့ရဲ့ပွဲစဉ်ကို ကြေညာနေသူ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးကလည်း "ဟယ်ရီ ကိန်းက ကံကောင်းလိုက်တဲ့ ကောင်လေးပဲ။ ဒါက လိမ္မာပါးနပ်တဲ့ ဖျက်ထုတ်မှုမျိုး မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...