• ရော်နယ်ဒိုကို အဆင်သင့်ပြင်ထားဖို့ မြောက်မက်ဆီဒိုးနီးယားသမ္မတကိုယ်တိုင်က သတိပေး

မြောက်မက်ဆီဒိုးနီးယားသမ္မတက သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။

မြောက်မက်ဆီဒိုးနီးယားနိုင်ငံရဲ့သမ္မတ စတီဗိုပန်ဒါရော့ဗ်စကီးက ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကို အဆင်သင့်ပြင်ဆင်ထားဖို့ သူ့ရဲ့တွစ်တာကတဆင့် ရေးသားပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ မြောက်မက်ဆီဒိုးနီးယားတို့ဟာ ကာတာကမ္ဘ့ာဖလားဝင်ရောက်ခွင့်အတွက် နောက်ဆုံးအဆုံးအဖြတ်ပွဲကို ရင်ဆိုင်ကစားရမှာပါ။

image

မြောက်မက်ဆီဒိုးနီးယားဟာ အုပ်စုအဆင့်မှာ ဂျာမနီ၊ ပေါ်တူဂီနဲ့ မတွေ့ခင် နောက်ဆုံးပွဲမှာ အီတလီကို အနိုင်ရရှိခဲ့တဲ့ အသင်းတသင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပေါ်တူဂီအနေနဲ့ မြောက်မက်ဆီဒိုးနီးယားကို လျှော့မတွက်သင့်ဘူးလို့ သတိပေးနေကြပါတယ်။

image

အထူးသဖြင့် ယူရိုချန်ပီယံ အီတလီကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ပေါ်တူဂီနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာတဲ့နောက် မြောက်မက်ဆီဒိုးနီးယားတနိုင်ငံလုံးက ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ယှဥ်ပြိုင်ခွင့်ရရှိဖို့ ယုံကြည်ချက် ပြင်းထန်လာပါတယ်။ သမ္မတဖြစ်တဲ့ ပန်ဒါရော့ဗ်စကီးကလည်း သူ့ရဲ့တွစ်တာကတဆင့် ရော်နယ်ဒိုကို အခုလို သတိပေးခဲ့ပါတယ်။

ပန်ဒါရော့ဗ်စကီးက “အခုက ကျနော်တို့အတွက် အချိန်ကောင်းပါပဲ။ ကာတာကမ္ဘာ့ဖလားကိုသွားဖို့ ခြေလှမ်းတလှမ်း ပိုမိုနီးစပ်လာပါပြီ။ အသင်းသားတွေ ကျနော်တို့ကို ပေးစွမ်းခဲ့တဲ့ ပျော်ရွှင်မှုတွေအတွက် ကျနော်တို့ ကျေးဇူးတင်ရပါတယ်။ ခရစ္စတီယာနို (ရော်နယ်ဒို) ရေ... အဆင်သင့်ပြင်ထားတော့ကွာ။ အခုတခါ မင်းအလှည့်ပဲ” လို့ ရေးသားခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ပေါ်တူဂီကလည်း တူရကီကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး အခုလိုမျိုး မြောက်မက်ဆီဒိုးနီးယားနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာခဲ့တာပါ။ ပေါ်တူဂီဟာ အုပ်စုအဆင့်မှာတည်းက တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲမှာ ဆာဘီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် အခုလိုပဲ ပလေးအော့ဖ်ကစားနေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က