ဘာစီလိုနာအကယ်ဒမီထွက်လေးက ရော်နယ်ဒိုစတိုင်နဲ့ အောင်ပွဲခံခဲ့တာပါ။

ဘာစီလိုနာဟာ သူတို့ရဲ့အင်စတာဂရမ်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တခုကို အပြည့်အစုံမတင်ဘဲ ဆင်ဆာဖြတ်တင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာစီလိုနာ အကယ်ဒမီ ကစားသမား ဖာမင်လိုပက်ဇ်ရဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးကို ပြသတဲ့နေရာမှာ ဘာစီလိုနာရဲ့ ဆိုရှယ်မီဒီယာဘက်က အခုလိုမျိုး ပြုလုပ်ခဲ့တာပါ။



ပြီးခဲ့တဲ့အပတ်က ဂျူဗင်နိုင်းလ်အေအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘာစီလိုနာရဲ့ အသက် (၁၈) နှစ်အရွယ် လူငယ်တောင်ပံကစားသမားလေး ဖာမင်လိုပက်ဇ်က အသင်းအတွက် သွင်းဂိုးတဂိုးကို နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းခဲ့ပါတယ်။ ဒီဂိုးကိုသွင်းပြီးတဲ့နောက် လိုပက်ဇ်က ရော်နယ်ဒိုရဲ့ ကိုယ်ပိုင်အောင်ပွဲခံဟန်ဖြစ်တဲ့ “Siuuuu” အတိုင်း တထပ်တည်း အောင်ပွဲခံပြခဲ့တာပါ။



ဒီဗီဒီယိုမှတ်တမ်းကို ဘာစီလိုနာက သူတို့ရဲ့ အင်စတာဂရမ်မှာ ပြန်တင်ချိန်မှာတော့ ရော်နယ်ဒိုစတိုင်နဲ့ အောင်ပွဲခံနေတာကို ထည့်သွင်းမဖော်ပြဘဲ ဂိုးသွင်းသွားတဲ့ပုံစံကိုသာ ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း ရော်နယ်ဒို ပရိသတ်တယောက်လို့ ယူဆရတဲ့ တွစ်တာကနေ လိုပက်ဇ် ဂိုးသွင်းသွားတဲ့ပုံ၊ အောင်ပွဲခံသွားတဲ့ပုံတွေကို အပြည့်အစုံ ပြန်တင်ထားခဲ့ပါတယ်။


အဆိုပါအကောင့်က “ဘာစီလိုနာ အကယ်ဒမီ ကစားသမား ဖာမင်လိုပက်ဇ်က ဂိုးသွင်းပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ Siuu အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံခဲ့ပါတယ်။ ရော်နယ်ဒိုက ဘာစီလိုနာမှာ မုန်းတီးခံရတဲ့လူတယောက်ပါ။ ဒါပေမယ့် ဒီကိစ္စကတော့ ရူးသွပ်မှုတခုပါပဲ” လို့ ရေးသားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝနဲ့ ဘာစီလိုနာရဲ့ ခါးသီးပြိုင်ဘက်ဖြစ်ခဲ့သလို ဘာစီလိုနာပရိသတ်တွေရဲ့ အချစ်တော် မက်ဆီနဲ့လည်း ခေတ်ပြိုင် ကစားသမားတွေဖြစ်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာပရိသတ်တွေအပြင် ဘာစီလိုနာအသင်းဆီကပါ မျက်မုန်းကျိုးခံနေရပုံရတယ်ဆိုတာကို ဒီတခါ လုပ်ရပ်က သက်သေပြသွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က