• ရော်နယ်ဒိုမရှိရင် ဘာမှမျှော်လင့်လို့မရတဲ့ပေါ်တူဂီနဲ့ ဗွေဖောက်ပြီး နိုင်ပွဲထရနေတဲ့ စပိန်

ပေါ်တူဂီနိုင်ပွဲပျောက်ပြီး စပိန်နိုင်ပွဲရခဲ့တာပါ။
[Zawgyi Version]

မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်တွေမှာ တအုပ်စုတည်း ပြိုင်ဘက်တွေဖြစ်တဲ့ ပေါ်တူဂီနဲ့စပိန်တို့ ဆန့်ကျင်ဘက်ရလဒ် ပေါ်ထွက်ခဲ့ပါတယ်။ စပိန်က ချက်ကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပေမယ့် ပေါ်တူဂီကတော့ ဆွစ်ဇာလန်ကို တဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

စပိန်အတွက် အနိုင်ဂိုးတွေကို ဆိုလာနဲ့ အဆန်စီယိုတို့က သွင်းယူပေးခဲ့ပြီး ဒီနိုင်ပွဲကြောင့် စပိန်တို့ ပေါ်တူဂီကို ကျော်ဖြတ်ကာ အုပ်စုကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီကတော့ ရော်နယ်ဒိုလို အဓိက,ကစားသမား မပါဝင်ခဲ့ဘဲ ဆွစ်ဇာလန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန်အတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ ဆီဖာရိုဗစ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ပေါ်တူဂီဟာ ပထမအကျော့မှာ ဆွစ်ဇာလန်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုတခါမှာတော့ ပြန်လည်ရှုံးနိမ့်ခဲ့ပြီး ဒီနှစ် နေးရှင်းလိဂ်မှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပေါ်တူဂီအနေနဲ့ လာမယ့် စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ် ပြန်လည်ရောက်ရှိမှသာ အုပ်စုလက်ကျန်ပွဲတွေကို ဆက်လက်ကစားတော့မှာပါ။ မနေ့ညက နေးရှင်းလိဂ်ပွဲစဥ်တွေမှာလည်း ထုံးစံအတိုင်း နာမည်ကြီးနှစ်သင်း နိုင်ပွဲမစုံလင်ခဲ့ပါဘူး။ စပိန်တသင်းတည်းသာ ရလဒ်ကောင်းခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီက ချက်ကို အဝေးကွင်းမှာရှုံးနိမ့်ခဲ့သလို ဆာဘီးယားနဲ့ ဆလိုဗေးနီးယားတို့ကလည်း တဖက်နှစ်ဂိုးစီသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဂရိက ကိုဆိုဗိုကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိကာ မော်လ်တာကလည်း ဆန်မာရီနိုကို တလုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ နော်ဝေက ဆွီဒင်ကို ၃-၂ ဂိုး၊ မြောက်အိုင်ယာလန်နဲ့ဆိုက်ပရပ်စ်က နှစ်ဂိုးစီသရေ၊ ဂျော်ဂျီယာနဲ့ဘူလ်ဂေးရီးယားက ဂိုးမရှိသရေနဲ့ မြောက်မက်ဆီဒိုးနီးယားက ဂျီဘရော်လ်တာကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Share

Loading Next Article...