• ရော်နယ်ဒိုနဲ့သူ့အကြား ပင်နယ်တီအရှုပ်အရှင်းကိစ္စတွေအကြောင်း ဘရူနိုဖွင့်ဟလာ

ရော်နယ်ဒိုရောက်လာတာက ဘရူနိုအတွက် အခက်တွေ့စေတယ်လို့ ဝေဖန်နေကြတာပါ။

ယူနိုက်တက်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ရော်နယ်ဒိုနဲ့ သူ့အကြား ပင်နယ်တီ တာဝန်တွေနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်မရောက်လာခင် ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ အဓိကပင်တိုင် ပင်နယ်တီကန်သွင်းသူတယောက်ဖြစ်ခဲ့ပါတယ်။

image

ဒါပေမယ့် ရော်နယ်ဒို ရောက်ရှိလာချိန်မှာ ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီတာဝန်ကို လွှဲပြောင်းပေးခဲ့ရသလို သူ့ရဲ့ခြေစွမ်းပိုင်းကလည်း သိသိသာသာ ကျဆင်းသွားတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် ရော်နယ်ဒို ရောက်လာတာနဲ့ ဘရူနိုဖာနန်ဒက်စ် ခြေစွမ်းကျဆင်းသွားတာက တိုက်ဆိုင်မှုမဟုတ်ဘူးလို့လည်း ဆိုနေကြပါတယ်။ ဒီအပေါ်မှာ ဘရူနိုဖာနန်ဒက်စ်က “ပြီးခဲ့တဲ့ရာသီ ကျနော့်ရဲ့ ဖန်တီးမှုအများစုက ရော်နယ်ဒိုအတွက်ပါ”

image

“ဒီတော့ ရော်နယ်ဒိုကို ဒါမျိုးတွေဝေဖန်နေတာက မျှတမှုမရှိပါဘူး။ ကျနော်လည်း ဆိုးရွားတဲ့ရာသီတခုကို ဖြတ်သန်းခဲ့ရပြီး ဒါက ကျနော့်ကြောင့်လား၊ ရော်နယ်ဒိုကြောင့်လား မစဥ်းစားပါဘူး။ သူမရောက်လာခင် ကျနော်က ပင်နယ်တီကန်ခွင့်ရခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း ကျနော် ပင်နယ်တီနှစ်ကြိမ် ကန်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ကျနော် နှစ်ကြိမ်လုံးလွဲခဲ့တာလေ။ ဒီတော့ ရော်နယ်ဒိုကို ပင်နယ်တီယူကန်လို့ဆိုပြီး အပြစ်တင်နေလို့မရပါဘူး”

“အထူးသဖြင့် သူက ဒီပင်နယ်တီတွေကို ဂိုးအဖြစ် ပြောင်းလဲပေးနေချိန်မှာပေါ့။ ပြီးခဲ့တဲ့ဧပြီ အာဆင်နယ်နဲ့ပွဲမှာ ကျနော် ပင်နယ်တီလွဲတုန်းက သူကိုယ်တိုင် ပေးကန်ခဲ့တာပါ။ ကျနော်လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် သူက ကျနော့်အပေါ် ယုံကြည်မှုရှိခဲ့ပြီး အရေးကြီးတဲ့အခိုက်အတန့်မှာ ဂိုးသွင်းစေချင်ခဲ့တယ်လို့ ခံစားမိခဲ့ပါတယ်။ ဒီတော့ ကျနော် ဂိုးမရခဲ့တာ ရော်နယ်ဒိုကြောင့် မဟုတ်ခဲ့ပါဘူး”

“ကျနော်က အခွင့်အရေးရတဲ့အချိန်မှာ ဂိုးမသွင်း၊ ဂိုးမဖန်တီးနိုင်ခဲ့တာပါ။ နိုင်ငံအသင်းမှာ သူနဲ့ ကျနော် တွဲကစားရင် ကျနော် ဂိုးသွင်းနိုင်တာပဲလေ။ နံပါတ် (၁၀) ကစားသမားအဖြစ်နဲ့ ရော်နယ်ဒိုနဲ့အတူတူ တွဲကစားခွင့်ရတာက တကယ်ကို ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားတွေက ရော်နယ်ဒိုအတွက် နေရာလွတ်တွေအများကြီး ဖန်တီးပေးကြလို့ပါ။ နောက်ခံလူတွေကလည်း ရော်နယ်ဒို ဂိုးသွင်းမှာကို ကြောက်ရွံ့ရပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က