• Featured

    ရော်နယ်ဒိုထက်စာရင် ပေါ်တူဂီကမ္ဘာ့ဖလားကန်ရဖို့က ပိုအရေးကြီးတယ်လို့ နည်းပြပြော

ပေါ်တူဂီလက်ရွေးစင်နည်းပြက ပြောကြားခဲ့တာပါ။

ပေါ်တူဂီလက်ရွေးစင်နည်းပြ ဖာနန်ဒိုဆန်းတို့စ်က (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ ခံယူချက်အမြင်တွေကို ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပလေးအော့ဖ်ကစားရတော့မှာဖြစ်ပါတယ်။

image

ပလေးအော့ဖ်လမ်းကြောင်းအဖြစ် အီတလီနဲ့လမ်းကြောင်းတူ ကျရောက်ခဲ့ပြီး ပေါ်တူဂီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာပါ။ ပေါ်တူဂီဟာ ကနဦးမှာ တူရကီနဲ့ အရင်ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲအနိုင်ရမှသာ တဖက်က အီတလီနဲ့မြောက်မက်ဆီဒိုးနီးယားတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

image

လာမယ့် ကာတာကမ္ဘာ့ဖလားက ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုအတွက် နောက်ဆုံးသော ကမ္ဘာ့ဖလားဖြစ်လာနိုင်ပြီး ရော်နယ်ဒိုအနေနဲ့ ဒီကမ္ဘာ့ဖလားကို မလွဲချော်ရဖို့ အထူးအရေးကြီးနေပါတယ်။ အဲ့ဒါကြောင့်လည်း ပေါ်တူဂီလက်ရွေးစင်ထက် ရော်နယ်ဒို ကမ္ဘာ့ဖလား ကစားခွင့်ရ၊ မရဆိုတာက မီဒီယာစာမျက်နှာတွေထက် အဓိကနေရာယူထားတာပါ။

ဒါပေမယ့်လည်း ပေါ်တူဂီလက်ရွေးစင်နည်းပြ ဖာနန်ဒိုဆန်းတို့စ်က “ဘယ်အရာထက်မဆို ပိုမိုအရေးကြီးတာက ပေါ်တူဂီလက်ရွေးစင်အသင်းပါပဲ။ ဒါက ကျနော်တို့အတွက်၊ ပေါ်တူဂီလူမျိုးတွေအတွက်ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတွက် ကစားသွားမှာပါ။ အသင်းခေါင်းဆောင် ရော်နယ်ဒိုအတွက်လည်း ပါတာပေါ့”

“ရော်နယ်ဒိုက ကျနော်တို့အတွက် အရမ်းကိုအရေးပါတဲ့ ကစားသမားတယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်နဲ့အတူ ကမ္ဘာ့ဖလား (၄) ကြိမ် ဆင်နွှဲခဲ့ဖူးပေမယ့် (၂၀၀၆) ကမ္ဘာ့ဖလားတုန်းက ဆီမီးဖိုင်နယ် ရောက်ရှိခဲ့တာကသာ ကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုအတွက် အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

ယူရို (၂၀၁၆) ဆုဖလားကို ဆွတ်ခူးထားတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုတခုကို မျှော်လင့်နေပေမယ့် ဒီတနှစ်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့အတွက်တောင် မရေမရာဖြစ်နေခဲ့တာပါ။ 

Share

Loading Next Article...
က္က