ယူနိုက်တက်ကတော့ တန်းဆင်းဇုန်ထဲက နော့ဝစ်ချ်ကို ရော်နယ်ဒိုရဲ့ဟက်ထရစ်ကြောင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ဒီဂီယာ၊ ဒါလော့၊ မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ အဲလက်စ်တဲလက်စ်၊က်စ်တက်ဂွိုင်းရား၊ လု်၍ပြီး နိုင်ပစ်အော်ဟစ်မတာက်နိုင်ခ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်၊ လင်ဂတ်၊ ဆန်ချို၊ အီလန်ဂါ၊ ရော်နယ်ဒိုတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
နော့ဝစ်ချ်ကလည်း တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့်ချက်ဝိုးတဝါးနဲ့ပဲ ပွတ်ကီ၊ ကရူးလ်တို့လို ကစားသမားတွေကို အဓိကထားပြီး ပွဲထွက်ခဲ့ပါတယ်။ ပွဲစတာနဲ့ ယူနိုက်တက်ကပဲ ဖိကစားခဲ့ပြီး နော့ဝစ်ချ်နောက်တန်းရဲ့ အမှားကတဆင့် ယူနိုက်တက်တို့ စောစောစီးစီး ဦးဆောင်ဂိုးရခဲ့ပါတယ်။
ဒီဂိုးကိုတော့ အီလန်ဂါချပေးတာကတဆင့် ရော်နယ်ဒိုက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ယူနိုက်တက်ကပဲ တိုက်စစ်ဆင်ထိုးဖောက်ခဲ့ပြီး ပွဲကစားချိန် (၃၁) မိနစ်မှာ အဲလက်စ်တဲလက်စ်ရဲ့ ထောင့်ကန်ဘောကတဆင့် ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ဒါပေမယ့်လည်း ယူနိုက်တက်တို့ ပထမပိုင်းပြီးခါနီးမှာ ချေပဂိုးပြန်ပေးခဲ့ရပြီး ပွတ်ကီ ချပေးလိုက်တဲ့ ဘောလုံးကို ဒိုဝဲလ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ ယူနိုက်တက်တို့ ဒုတိယချေပဂိုးပါ ထပ်ပေးလိုက်ရပါတယ်။
ဒိုဝဲလ်ခင်းပေးတဲ့ ဘောလုံးကို ပွတ်ကီက လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဒီဂီယာနဲ့တယောက်ချင်းအတွေ့မှာ သွင်းယူသွားခဲ့တာပါ။ ဒီဂိုးမှာ အဲလက်စ်တဲလက်စ် Position Out နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး လုခ်ရှော ကစားချိန်မှာ ဖြစ်သလို ပုံစံမျိုးကို မြင်တွေ့ခဲ့ရပါတယ်။
နောက်ပိုင်းမှာ ယူနိုက်တက်က မာတာ၊ မာတစ်၊ ရပ်ရှ်ဖို့ဒ်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ကစားခဲ့ပါတယ်။ ပွဲကစားချိန် (၇၅) မိနစ်မှာတော့ ယူနိုက်တက်တို့ အနိုင်ဂိုးရရှိခဲ့ပြီး ရော်နယ်ဒိုက ဖရီးကစ်ကတဆင့် တိုက်ရိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ တဖက်က အာဆင်နယ်ရှုံးနေချိန်မှာ ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ထက် တပွဲပိုကစားထားပြီး အဆင့် (၅) နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။