ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကို စပိန်စူပါဖလား ဗိုလ်လုပွဲ ပွဲစဉ်ကို လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က အနိုင်ယူဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။


ဘာစီလိုနာက အိုဆာဆူနာကို အနိုင်ရရှိခဲ့တဲ့ စပိန်စူပါဖလားရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပရိသတ်တွေက ပွဲကစားချိန် (၁၀) မိနစ်မှာ မက်ဆီရဲ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြပါတယ်။ ဒါက ရော်နယ်ဒိုအတွက်တော့ စိတ်အနှောင့်အယှက်စရာဖြစ်ခဲ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ ပွဲစဉ်မှာတော့ ပရိသတ်တွေက ရော်နယ်ဒိုရဲ့ နာမည်ကို ကွင်းပြင်လျှံထွက်တဲ့အထိ အောင်ပွဲခံခဲ့ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။