• Featured

    ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ၂ ဦးစလုံး GOAT မဟုတ်ဘူးလို့ ခပ်တည်တည်နဲ့ အဖြေပေးခဲ့တဲ့ လီဝန်ဒေါစကီး

ဘလွန်ဒေါဆုနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကိုလည်း ပြောသွားပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးဟာ တသက်တာအကောင်းဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက ရွေးချယ်ပေးဖို့ မေးမြန်းခံခဲ့ရပြီးနောက် လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ ၎င်းကသာ အကောင်းဆုံးကစားသမားလို့ ခပ်တည်တည်နဲ့ သတ်မှတ်ခဲ့ပါတယ်။

image

ပိုလန်တိုက်စစ်မှူးဟာ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၆၉ ဂိုးထိ အံ့အားသင့်ဖွယ် သွင်းယူပေးထားတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်း ဘွန်ဒက်စ်လီဂါဖလားရရှိခဲ့တဲ့ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၄၈ ဂိုးအထိ မယုံနိုင်ဖွယ် သွင်းယူပေးခဲ့တာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါ ၂၉ ပွဲမှာ ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ဘိုင်ယန်ဂန္တဝင် ဂတ် မူလာရဲ့ စံချိန်ဟောင်းကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့် လီဝန်ဒေါစကီးဟာ ၂၀၂၁ ခုနှစ် ဘလွန်ဒေါဆုပြိုင်ပွဲမှာ လီယွန်နယ် မက်ဆီကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးက France Football ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ တစ်ဦးချင်းဆုကို ၃၃ မှတ်အသာနဲ့ ၇ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်မှာ ဘလွန်ဒေါဆုကို ရရှိဖို့အတွက် ရေပန်းအစားဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရသူဖြစ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆုပေးပွဲကို France Football က ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ထဲက ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ လီဝန်ဒေါစကီးက လူအများကြား အကြီးအကျယ် ငြင်းခုံနေမှုကို ငြင်းပယ်ခဲ့ပြီး ကိုယ့်ကိုကိုယ် အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်ကတော့ လီဝန်ဒေါစကီးကို ရွေးချယ်မှာပါ"လို့ ဒူဘိုင်း အိတ်စ်ပိုက အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် လီဝန်ဒေါစကီးအတွက် ဂုဏ်ပြုစကား ပြောကြားပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးက ပိုလန်တိုက်စစ်မှူးအတွက် ဂုဏ်ပြုစကား ပြောကြားနေစဉ်အတွင်း France Football ကို လီဝန်ဒေါစကီးအတွက် ၂၀၂၀ ခုနှစ်အတွက် ဘလွန်ဒေါဆုကို ပေးအပ်ဖို့အတွက် ထည့်သွင်း တောင်းဆိုသွားခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ယခုရာသီမှာ ၂၅ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃၀ အထိ အထင်ကြီးဖွယ် သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ပိုလန်တိုက်စစ်မှူးက ဘလွန်ဒေါဆုနဲ့ ၂ ကြိမ်အထိ လွဲချော်ခဲ့ပေမယ့်လည်း ၎င်းရဲ့ မယုံနိုင်ဖွယ် အောင်မြင်မှုတွေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်တာကို ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်မှာ ဘလွန်ဒေါဆုနဲ့ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ရှိခဲ့တယ်။ မနှစ်က သူတို့တွေ ဆုပေးပွဲဖျက်တယ်။ ကျွန်တော် မသွားနိုင်ခဲ့ဘူး။ ကျွန်တော် အနိုင်ရနိုင်တဲ့ အရာအားလုံးကို ကျွန်တော် အနိုင်ရခဲ့တယ်။ ဒီနှစ် ကျွန်တော် တစ်ရာသီတည်းကို ၆၉ ဂိုး သွင်းထားတယ်။ အဲဒီတော့ ခင်ဗျား သိလား။ ကျွန်တော် လုပ်နိုင်သမျှ အရာအားလံးကို လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ကစားတဲ့ပွဲစဉ်မှာ ကျွန်တော် ဒဏ်ရာရနေခဲ့ပြီး မကစားနိုင်ခဲ့လို့ပါ"

"ဒါပေမယ့် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော့်ကိုယ် ကျွန်တော်နဲ့့ပတ်သက်ပြီး မှန်ရှေ့ရပ်လိုက်ရင် ကျွန်တော့်ကိုယ် ကျွန်တော် မင်း လုပ်နိုင်သမျှ အရာအားလုံး လုပ်ခဲ့ပြီးပြီ။ မင်း ၆၉ ဂိုး သွင်းခဲ့တယ်။ မင်း ဂျာမန်လိဂ်ဖလားကို အနိုင်ရရှိခဲ့ပြီး မင်းကိုယ်မင်း ဂုဏ်ယူနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော် တခြားကစားသမားတွေကို လေးစားမှုရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက အရမ်းကောင်းတဲ့ ကစားသမားတွေမို့လို့ပါ။ ဒါပေမယ့်ာ ကျွန်တော့်အတွက်ကတော့ ကျွန်တော်က ကျွန်တော် ဖြစ်နေဖို့နဲ့ အမြဲတမ်း အကောင်းဘက်ကနေ တွေးဖို့ အရေးကြီးတယ်ဆိုတာ သိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က