• ရီးရဲလ်ကို ကော်တွိုက်စ်ကယ်သွားလို့ပေါ့ကွာဆိုပြီး ကယောင်ချောက်ချားတွေ ထပ်ဖြစ်နေပြန်တဲ့ ဆာလာ

ချန်ပီယံလိဂ်ဗိုလ်လုပွဲအကြောင်းကို ဆာလာက ထပ်ပြောလာခဲ့တာပါ။

လီဗာပူးတိုက်စစ်ကစားသမား ဆာလာဟာ ပြီးခဲ့တဲ့လအတွင်းက ပဲရစ်မြို့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးတို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရလိုက်သင့်တယ်လို့ ပြောကြားလာပြန်ပါတယ်။ ဆာလာဟာ ဒီမတိုင်ခင်ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုသာ ပြန်ကစားခွင့်ရခဲ့ရင် သူ့ရဲ့တကိုယ်တော်ဆုတံဆိပ်အားလုံးနဲ့ လဲလှယ်နိုင်ကြောင်း ပြောခဲ့သေးတာပါ။

image

(၂၀၁၈-၁၉) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးတို့ ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ခဲ့ဖူးပြီး အဲ့ဒီအရှုံးကို အခု (၂၀၂၂) မှာ ပြန်လည်လက်စားချေဖို့ ဆာလာက အဓိကပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ဗီနီရှပ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးကြောင့် လီဗာပူးတို့ ရှုံးကြွေးထပ်တင်ခဲ့ရပြီး ဒီအပေါ်မှာ ဆာလာက အခုထိမကျေမချမ်းဖြစ်နေသေးတာပါ။

image

ဆာလာက “ကျနော်တို့ လီဗာပူးက အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုမိုရရှိခဲ့ပါတယ်။ ကျနော်လည်း အပိုင်အခွင့်အရေး နှစ်ကြိမ် သုံးကြိမ်လောက်ရခဲ့ပေမယ့် ကော်တွိုက်စ်က အံ့အားသင့်ဖွယ် ကာကွယ်သွားခဲ့ပါတယ်။ ဒါက ကော်တွိုက်စ်ရဲ့အလုပ်ပဲလေ။ အဲ့ဒီအတွက်ပဲ ရီးရဲလ်မက်ဒရစ်က သူ့ကိုခေါ်ထားတာပေါ့။ ချန်ပီယံလိဂ်က သူ့ရဲ့ညတညဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ပွဲအစအဆုံး အသာစီးကစားနိုင်ခဲ့ပြီး ဆာလာ၊ မာနေးတို့ရဲ့ ဂိုးဖြစ်နိုင်မယ့် အပိုင်အခွင့်အရေးတွေကို ကော်တွိုက်စ်က လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ ကော်တွိုက်စ်ဟာ အဲ့ဒီပွဲမှာ လီဗာပူးရဲ့ အပိုင်အခွင့်အရေး (၅) ကြိမ်လောက်ကို လက်စွမ်းပြကာကွယ်ခဲ့ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က