• ရီးရဲလ်ကစားသမားတယောက်ကို အလကားရရင်တောင်မခေါ်ဖို့ လီဗာပူးပရိသတ်တွေတောင်းဆို

အဆန်စီယိုနဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာပါ။

လီဗာပူးပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား အဆန်စီယိုကို ခေါ်ယူဖို့ ကောလာဟလတွေ ထွက်ပေါ်လာတဲ့အပေါ် ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ အဆန်စီယိုဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားတယောက်ပါ။

image

ဒီကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်မလွှတ်ရဖို့အတွက် ရီးရဲလ်မက်ဒရစ်က ကြိုးပမ်းနေပြီး အခုလိုပဲ လီဗာပူးနဲ့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ အဆန်စီယိုကို စျေးပေါပေါနဲ့ လက်လွှတ်မခံလိုပဲ အနည်းဆုံး ယူရိုသန်း (၄၀) ပမာဏ အလိုရှိနေပါတယ်။

image

ဒီကစားသမားဟာ ရီးရဲလ်မက်ဒရစ်မှာတောင် အဓိက,ကစားသမားအဖြစ် မသတ်မှတ်ခံရတော့ပဲ ဒီလိုမျိုး လီဗာပူးနဲ့ သတင်းထွက်လာတဲ့အပေါ် လီဗာပူးပရိသတ်တွေဘက်က ဆန့်ကျင်နေကြပါတယ်။ လီဗာပူးပရိသတ်တွေက “အဆန်စီယိုနဲ့ ဖေမီနို၊ နောက်နှစ် ဆာလာတို့ရဲ့ နေရာကို အစားထိုးမယ်ဆိုတာ အဓိပ္ပာယ်မရှိပါဘူး” “ဆာလာကို စာချုပ်သစ်ချုပ်ဖို့မလုပ်ဘဲ ဘာလို့ အဆန်စီယိုအတွက် လှုပ်ရှားနေတာလဲ။ ဒါမှမဟုတ် ဒါက သတင်းတုတခုလား”

“စာချုပ်သက်တမ်းတနှစ်ကျန်တဲ့ မာနေးက (၃၅) သန်းတန်ရင် အဆန်စီယိုက အများဆုံးမှ (၂၅) သန်းပဲ ပေးသင့်တယ်။ သူက မာနေးရဲ့တဝက်လောက်တောင် မကောင်းပါဘူး” “အလကားရရင်တောင် သူ့ကိုမခေါ်သင့်ပါဘူး။ အဲ့ဒီအစား ဂေါ်ဒွန်တို့ အီလီယော့တို့ကို ကောင်းကောင်းပျိုးထောင်ပေးသင့်ပါတယ်” လို့ ဆန့်ကျင်နေကြပါတယ်။

လီဗာပူးဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ မာနေးကို ဘိုင်ယန်မြူးနစ်ထံ လက်လွှတ်ခဲ့ရပြီး ဒီအတွက်လည်း ဘင်ဖီကာကြယ်ပွင့် ဒါဝင်နူနက်ဇ်ကို ပြန်လည်အစားထိုးအားဖြည့်ထားပါတယ်။ အဆန်စီယိုရဲ့ကြံ့ခိုင်မှုပိုင်းက ကလော့ပ် စိတ်ကြိုက်ဖြစ်ဖို့တော့မရှိဘဲ အခု သတင်းတွေကလည်း ကောလာဟလသာဖြစ်ဖွယ်ရှိပါတယ်။  

Share

Loading Next Article...
က္က