ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ရဲ့ လှပတဲ့ ခရီးစဉ်လေးကို အားလုံးနဲ့အတူတူသွားကြရအောင်နော်။

ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့လေးကိုတော့ ကျောက်ဖြူတောင်ခြေရင်းနားမှာတွေ့ရတဲ့ အဖြူရောင်ကျောက်တုံးကြီးကို အစွဲပြုပြီး ကျောက်ဖြူမြို့ရယ်လို့ ခေါ်ဆိုထားတာပဲဖြစ်ပါတယ်။ ကျောက်ဖြူမြို့ရေနက်ဆိပ်ကမ်းကလေးက မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေနက်ဆိပ်ကမ်းတစ်ခုအဖြစ်ထင်ရှားပါတယ်။ ဒီအပတ်မှာတော့ ကျောက်ဖြူမြို့လေးကိုလည်ပတ်ဖြစ်မယ်ဆိုရင် ဘယ်လိုနေရာသွားကို သွားရောက်လည်ပတ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး မိတ်ဆက်ပြောပြပါရစေ။ 




(၁) ပေါ်တော်မူကံ့ကော်တောဘုရား 

ကျောက်ဖြူမြို့ရောက်ပြီဆိုတာနဲ့ ပထမဆုံးသွားရောက်သင့်တဲ့နေရာလေးကတော့ ရှေးဟောင်းသမိုင်းဝင်ပေါ်တော်မူကံ့ကော်တောဘုရားပဲဖြစ်ပါတယ်။ အံ့သြဖွယ်ရာ တန်ခိုးတော်များနဲ့ ပေါ်တော်မူကံ့ကော်တောဘုရားနှစ်ဆူဟာ ကျောက်ဖြူမြို့ကနေ ၅ မိုင်အကွာ ကဂုံးချိန်ကျေးရွာလေးမှာ တည်ရှိပါတယ်။

 

(၂) ကျောက်ဖြူမြို့မဈေး 

ဈေးဝယ်ရတာ ဝါသနာပါတယ်၊ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေကိုလည်း အရမ်းကြိုက်ပါတယ်ဆိုတဲ့သူတွေအနေနဲ့ကတော့ ကျောက်ဖြူမြို့မဈေး ကို လုံးဝပစ်ပယ်ထားခဲ့လို့ မရပါဘူး။ ငါးပုဇွန၊် ဂုံး၊ ဂဏန်း စတဲပ့ င်လယ်စာမျိုးစုံကိုပင်လယ်ကရလာသမျှ လတ်လတ်ဆတ်ဆတ်ဝယ်နိုင်တဲ့ ဈေးကြီးပါ။ ပင်လယ်စာတင် လတ်ဆတ်တာမဟုတ်ဘဲ အနီးအနားရွာတွေ က ကိုယ်တိုင်တနိုင်တပိုင်စိုက်ပျိုးရောင်းချကြတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေကိုလည်း ဝယ်ယူရရှိနိုင်မှာပါ။ 



(၃) ကျောက်တစ်လုံးဘုရား 

ကျောက်ဖြူမြို့ရဲ့ နောက်ထပ် အထင်ကရနေရာလေးကတော့ ကျောက်ဖြူမြို့ အနောက်ဘက် ၃ မိုင်ခန့်အကွာက ရမ်းဗြဲ-ကျောက်ဖြူကားလမ်းမကြီးဘေးမှာ တည်ရှိတဲ့ ကျောက်တစ်လုံးဘုရားဖြစ်ပါတယ်။ ‌စိတ်ဝင်စားစရာသမိုင်းကြောင်းတွေ အများကြီးရှိနေတဲ့ ဒီကျောက်တစ်လုံးဘုရားဟာ ကျောက်ဆောင်တစ်ခုလုံးကို လှိုဏ်ပတ်လမ်းတွေနဲ့ ဂူတွေထွင်းပြီး ဘုရားရုပ်ပွားတော်တွေကို တည်ထားတာဖြစ်ပါတယ်။ ဂူပေါက် စုစုပေါင်း ၅၅ ပေါက်ရှိတဲ့ ရင်သပ်ရှုမောဖွယ်ရာ နေရာလည်းဖြစ်ပါတယ်။  


(၄) နတ်ကျောက်ကမ်းခြေ  

ကျောက်တစ်လုံးကျောက်သား လှိုင်ဂူဘုရားရဲ့ လမ်းတစ်ဖက်ခြမ်းမှာတော့ နတ်ကျောက်ကမ်းခြေပင်လယ်ပြာပြာကြီးကို မြင်တွေ့ခံစားရမှာပါ။ ရေကျတဲ့အချိန်ဆိုရင် ကျောက်ဂူထဲဝင်လို့ရပါတယ်။ ပင်လယ်ကမ်းခြေရဲ့ အလှကို ခံစားနိုင်မယ့် နေရာလေးပါ။ 


(၅) အမုန်းတရားကင်းမဲ့ဇုန် 

နတ်ကျောက်ကမ်းခြေမှာရှိတဲ့ အမုန်းတရားကင်းမဲ့ဇုန်ကတော့ hotel တွေ ၊ Beach resort တွေနဲ့ အပန်းဖြေစရာနေရာတွေ တစုတဝေးတည်းရှိနေတဲ့ နေရာကလေးဖြစ်ပါတယ်။ နာမည်လေးအတိုင်းပါပဲ။ ဒီနေရာကို ရောက်သွားသူတွေကို လှပတဲ့ ရှုခင်းတွေက ရင်ထဲမှာရှိသမျှ အမုန်းတရားတွေအားလုံး မေ့သွားလောက်အောင် ပြုစားနိုင်တဲ့ နေရာလေးပါ။   


(၆) နဒီသောင်ယံပန်းခြံ 

နဒီသောင်ယံပန်းခြံက ကမ်းခြေမှာ အပန်းဖြေလိုသူတွေအတွက် အံကိုက်ပါပဲ။ ညနေခင်း ကမ်းခြေ မှာ ဘောလုံးကန်နေသူတွေ၊ လမ်းလျှောက်နေတဲ့သူတွေ၊ ရေကစားတဲသူတွေ ၊ သူငယ်ချင်းမိသားစုအစုအဖွဲ့တွေနဲံ ဝိုင်ဖွဲ့စားသောက်စကားပြောနေတဲ့သူတွေ ၊ ပင်ပန်းခဲ့သမျှတွေကို ပင်လယ်အလှအပတွေ ခံစားပြီး အမောဖြေလို့ရတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ 



(၇) ဂျပန်မဆိပ်ကမ်း  

နောက်ထပ်ညွှန်းချင်တဲ့ နေရာလေးကတော့ ဆိပ်ကမ်းနားက ဒိုင်တွေ၊ အိမ်တွေ ၊ စားသောက်ဆိုင်တွေအကုန်လုံးကို ရေပေါ်အဆောက်အဦးတွေအဖြစ်မြင်တွေ့ခံစားရစေမယ့် ဂျပန်မဆိပ်ကမ်းဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ရေထဲသွားနေတဲ့ နွားလှည်းတွေကို မြင်တွေ့ရပါလိမ့်မယ်။ ဒီဆိပ်ကမ်းလေးမှာ ငါးဒိုင်၊ ပုဇွန်ဒိုင်တွေရဲ့ လှုပ်ရှားမှုတွေကို ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုလို ခံစားတွေ့မြင်ရမှာပါ၊ 


(၈) ကျောက်ဖြူ View Point 

ကျောက်ဖြူကမ်းနားရောက်ရင်View point ကိုလဲတက်ဖြစ်အောင်တက်ကြ ည့်သင်ပ့ါတယ်နော်။ အပေါ်စီးကနေ ပင်လယ်ပင်ကို ကြည့်ရတဲ့ အရသာကို ခံစားလိုသူတွေအတွက် ကျောက်ဖြူ View Point ကလည်း မသွားမဖြစ် သွားသင့်တဲ့ နေရာတစ်ခုပါ၊ ကျောက်ဖြူ View Point ရဲ့ လမ်းတစ်ဖက်ခြမ်းမှာတော့ ကျောက်ဖြူလေဆိပ်နဲ့ ဂေါက်ကွင်းကြီးကလည်း တည်ရှိနေပါသေးတယ်။ 

ကျောက်ဖြူမြို့လေးရဲ့ အလှအပတွေကို တဝကြီးခံစားပြီး အမောအပန်းတွေပြေနိုင်စေဖို့ စိတ်ဝင်စားစရာကောင်းပြီး လည်ကိုလည်သင့်တဲ့ နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။ 


Share

Loading Next Article...
က္က