ဖုန်းနဲ့ QR Scan ဖတ်ပြီး ဟင်းလျာတွေကို ကိုယ်တိုင်အော်ဒါမှာနိုင်မယ့် yathar app ရဲ့ Smart Order ဝန်ဆောင်မှု စနစ်ကို ထိုင်းနဲ့အင်ဒိုနီးရှားဈေးကွက်တွေမှာလည်း အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။
Photo : yathar
မြန်မာနိုင်ငံရဲ့ ထိပ်တန်း အစားအသောက်မှာယူမှုနဲ့ အလှအပဝန်ဆောင်မှုဆိုင်ရာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ yathar ရဲ့ yathar Smart Order စနစ်ဟာ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် ပါဆယ်မှာယူမှုနဲ့ စားပွဲဝိုင်းဝန်ဆောင်မှုတွေမှာ စားသုံးသူကိုယ်တိုင် ဖုန်းနဲ့ အလွယ်တကူ Self-Order မှာနိုင်မယ့်စနစ် ဖြန့်ချိထားတာပါ။ ပြည်တွင်းဈေးကွက်မှာ လည်ပတ်နေတဲ့ ဒီစနစ်ကို အခုတော့ အိမ်နီးချင်းနိုင်ငံနှစ်ခုဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားဈေးကွက်တွေအထိ တိုးချဲ့တော့မှာ ဖြစ်ပါတယ်။
yathar Smart Order ဝန်ဆောင်မှုဟာ အစားအသောက်မှာသူကိုယ်တိုင် ဖုန်းနဲ့ အော်ဒါမှာနိုင်မယ့်စနစ်ဖြစ်ပြီး စားသောက်ဆိုင်တွေအနေနဲ့ စားသုံးသူ အော်ဒါတင်လိုက်တဲ့ အမှာစာတိုင်းကို Control Panel ကနေ သိရှိပြီး ဝန်ဆောင်မှုပေးနိုင်မှာပါ။ ဆိုင်မှာ ထိုင်စားမယ့် စားသုံးသူတွေဟာ စားပွဲပေါ်မှာ ရှိတဲ့ QR Code ကို ဖုန်းနဲ့ Scan ဖတ်လိုက်ရုံနဲ့ ဖုန်း Screen မှာ ဒီဂျစ်တယ်မီနူးတွေ ပေါ်လာပြီး ကိုယ်နှစ်သက်ရာ မှာယူနိုင်မှာ ဖြစ်ပါတယ်။
သမရိုးကျ စားသောက်ဆိုင်တွေမှာလိုမျိုး စားပွဲပေါ်ချထားတဲ့ Menu စာရွက်ကြည့်ပြီး စားပွဲထိုးကို တစ်ခုချင်း မှာနေစရာ မလိုသလို မလိုအပ်ဘဲ လူချင်း တိုက်ရိုက်ထိတွေ့တာမျိုးလည်း ရှောင်ကြဉ်နိုင်မှာပါ။ ပါဆယ်အတွက် အော်ဒါမှာယူသူတွေအနေနဲ့လည်း အစားအသောက် အော်ဒါမှာတာ ၊ စားပွဲဝိုင်းနေရာ ကြိုတင် Book လုပ်တာတွေကို ဖုန်းနဲ့တင် လုပ်နိုင်လို့ လွယ်ကူမြန်ဆန်ပြီး အကုန်အကျသက်သာနိုင်ပါတယ်။
ထိုင်းနဲ့ အင်ဒိုနီးရှားတို့မှာတော့ တရားဝင်ဖြန့်ချိမှုမလုပ်ခင်အထိ Facebook event တွေမှာ ပါဝင်သူတွေကို အထူးအခွင့်အရေးအနေနဲ့ yathar Smart Order ကို တရားဝင်ဖြန့်ချိချိန်အထိ အခမဲ့အသုံးပြုခွင့် ၊ ဆိုင်တွေမှာ ဒီဂျစ်တယ်စနစ်ကူးပြောင်းခြင်း နဲ့ အခြေခံ အွန်လိုင်းမားကတ်တင်း ဈေးကွက်မြှင့်တင်ရေးအကြံပေးမှုတွေကို ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ တိုက်ရိုက်လာရောက် ဝန်ဆောင်မှုပေးသွားမယ်လို့လည်း ဆိုပါတယ်။
yathar Smart Order System ကို စားသောက်ဆိုင်တွေရဲ့ လိုအပ်ချက်နဲ့ သုံးစွဲလိုတဲ့ ငွေကြေးပမာဏနဲ့ ကိုက်ညီအောင် Plan ၄ ခု ထားပြီး ဝန်ဆောင်မှုပေးနေတယ်လို့ ဆိုပါတယ်။ yathar Smart Order စနစ်အကြောင်းကို တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာဖြစ်တဲ့ https://yathar.com/smartorder မှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။