ယာဉ်လိုင်း အမှတ် (၃၅) လောင်ကျွမ်းခဲ့တာပါ။

ဒီကနေ့ နိုဝင်ဘာလ (၂၃)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်ခန့်က YBS ယာဉ်တစ်စီး အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။ 

မင်္ဂလာဒုံမြို့နယ် အမှတ် (၃)လမ်း ပတ္တမြားမြို့သစ် ဆိုင်းဘုတ်မှတ်တိုင်အနီးမှ ဖြစ်ပွါးခဲ့တာပါ။

“ ယာဉ်လိုင်း အမှတ် (၃၅)။ ဂိတ်မှာရပ်လိုက်စဉ် ဝါယာရှော့ဖြစ်ပြီး မီးထလောင်တာလို့ပြောတယ် ။ ခရီးသည်ထိခိုက်မှုတော့မရှိပါဘူး”လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက Duwunကိုပြောပါတယ်။ 

မီးလောင်မှုကြောင့် ကားကတော့ တစ်စီးလုံးမီးစွဲပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ YBS မီးလောင်းမှုကိုတော့ ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီးနဲ့ တပ်ဖွဲ့ဝင် (၄၀)ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ခံ ကိုထင်လင်းအောင်ကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၆)ရက်နေ့ကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်က ဂိတ်မှာ ရပ်ထားတဲ့YBS ယာဉ်လိုင်း အမှတ် (၄)ကား ၂စီးလည်း မီးလောင်မှုဖြစ်ပွါးခဲ့ပါသေးတယ်။


Share

Loading Next Article...
က္က