မကြာသေးမီက ပွဲ ၃၀၀ ပြည့်မြောက်ခဲ့သူပါ။

ချယ်ဆီးကြယ်ပွင့် ဝီလီယံဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ နေထိုင်ရတာကို နှစ်သက်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ နောက်ထပ်ပွဲ ၃၀၀ လောက်ကစားပေးချင်တယ်လို့ ပြောကြားခဲ့ကြောင်း Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဝီလီယံဟာ မကြာသေးမီကမှ ချယ်ဆီးအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ပွဲပေါင်း ၃၀၀ ပြည့်မြောက်ခဲ့သူဖြစ်ပေမယ့် ယခုရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်မရေမရာဖြစ်နေသူဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လက်ရှိအချိန်အထိ ဘရာဇီးလ်လက်ရွေးစင်ကြယ်ပွင့် ဝီလီယံကို ကမ်းလှမ်းမှုတွေ မပြုလုပ်သေးဘဲ နည်းပြ ဖရန့်လမ်းပတ်ကလည်း လူငယ်ကစားသမားတွေကို ပွဲထုတ်နေတာကြောင့် ဝီလီယံအတွက် စာချုပ်သစ် ကမ်းလှမ်းလိမ့်မယ်လို့ အာမခံချက်မရှိဖြစ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝီလီယံက ချယ်ဆီးအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ အနောက်မြောက်လန်ဒန်မှာ နေထိုင်ရတဲ့ ပျော်ရွှင်စရာဘဝအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဆက်နေချင်သေးတယ်လို့ ပြောကြားခဲ့ပါတယ်။



“ကျွန်တော် ပွဲအများကြီးကစားနိုင်လိမ့်မယ်လို့ အမြဲတမ်းယုံကြည်ပါတယ်။ ကျွန်တော် ယုံကြည်ခဲ့ပါတယ်”

“ဒီလို ကိန်းဂဏန်းမျိုးရဖို့ဆိုတာ ခက်ခဲပါတယ်။ အထူးသဖြင့် ခင်ဗျးက ချယ်ဆီးလို အသင်းကြီးအတွက် ကစားပေးနေတာဆိုရင်ပေါ့။ ဘာလို့လဲဆိုတော့ တူညီတဲ့နေရာတစ်ခုအတွက် ကစားသမားတွေအများကြီးက တိုက်ပွဲဝင်နေကြလို့ပါ။ အဲဒါက ကျွန်တော့်အတွက် စိန်ခေါ်မှုပါပဲ”

“ဒီ ကိန်းဂဏန်းအထိ ရောက်ခဲ့တဲ့အတွက် အရမ်းဂုုဏ်ယူမိပါတယ်။ ကျွန်တော် ရှေ့ဆက်ပြီး နောက်ထပ် ပွဲ ၃၀၀ ကစားပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က