ယမန်နေ့ကပွဲစဉ်မှာ သာမန်ခြေစွမ်းအောက် ကျဆင်းနေခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယိုဖာဒီနန်ဟာ အီဒင်ဟာဇက်အနေနဲ့ ချယ်ဆီးကို စွန့်ခွာပြီး ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့အတွက် နောင်တတွေနဲ့ အသက်ရှင်နေထိုင်ရလိမ့်မယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့် အီဒင်ဟာဇက်ဟာ ချယ်ဆီးအသင်းမှာ ၇ နှစ်ကြာကစားပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲမက်ဒရစ်အသင်းကို ခန့်မှန်းခြေ ပေါင် ၈၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

အီဒင်ဟာဇက်ရဲ့ ဘာနေဗျူးပထမဆုံးနေ့ရက်တွေကို ဒဏ်ရာပြဿနာတွေက အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ယမန်နေ့ညက ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဟာဇက်ရဲ့ ခြေစွမ်းဟာ သာမန်အောက်ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းက ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဖာဒီနန်က ဟာဇက်အနေနဲ့ မှားယွင်းတဲ့အချိန်တစ်ခုမှာ အသင်းပြောင်းရွှေ့မိခဲ့သလိုဖြစ်မှာကို စိုးရိမ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။



“ခင်ဗျား အသင်းသစ်ကို သွားတဲ့အခါမှာ အထူးသဖြင့် ရီးရဲမက်ဒရစ်လို အရွယ်အစားရှိတဲ့အသင်းကို သွားတဲ့အခါမှာ သူတို့တွေ အသင်းရဲ့ကြယ်ပွင့်ကစားသမားအဖြစ် ဘောလုံးပေးဖို့ ပထမဆုံး ကြည့်တဲ့သူဖြစ်ဖို့ အခွင့်အရေးကို ရအောင် ရှာဖွေရမှာပါ”

“သူ လေ့ကျင့်ရေးပွဲစဉ်တွေနဲ့ ပွဲစဉ်အတွင်းမှာ သူတို့ သူ့ကို ဘောလုံးပေးချင်လာအောင်လုပ်ဖို့အတွက် တစ်စုံတရာကို လုပ်ရမှာပါ”

“ရီးရဲမက်ဒရစ်ကို မှားယွင်းတဲ့အချိန်မှာ သူ သွားမိတာမျိုးဖြစ်မှာကို သူ့အတွက် ကျွန်တော် တကယ်ကြောက်ရွံ့မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်တဲ့ ဟာဇက်၊ ဂါရတ်ဘေးလ်၊ ဘန်ဇီးမားတို့လို ကစားသမားတွေရှိနေတာတောင်မှ ပီအက်စ်ဂျီအသင်းဂိုးပေါက်ကို တစ်ကြိမ်မှ ကန်သွင်းခွင့်မရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က