• ယဉ်ကျေးမှုကြွယ်ဝတဲ့ ဂျာမနီနိုင်ငံကို သွားရောက်လည်ပတ်ကြည့်ကြရအောင်

ဂျာမနီကို ရောက်ဖြစ်ခဲ့ရင် ဒီနေရာတွေကို သေချာလည်ပတ်ခဲ့ပါ၊

သမိုင်းကို စိတ်ဝင်စားတယ်၊ သဘာဝကို ချစ်မြတ်နိုးတယ်၊ မတူတဲ့ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်ဆိုရင်တော့ ဂျာမနီခရီးစဉ်က အတွေ့အကြုံကောင်းတွေရရှိစေဖို့ အာမခံပါတယ်။ ဘယ်နေရာတွေကို လည်ပတ်ရမလဲ မသိသေးရင်တော့ အဆုံးထိဖတ်ကြည့်လိုက်တော့နော်။ 

ဘာလင်


image


ဂျာမနီနိုင်ငံရဲ့မြို့တော်ဘာလင်ဟာ သမိုင်းကြောင်းနဲ့ ခေတ်မီမှု ဒွန်တွဲတည်ရှိနေတဲ့ မြို့ဖြစ်ပါတယ်။ Brandenburg Gate ၊ ဘာလင်တံတိုင်းအမှတ်တရ နဲ့ Reichstag အဆောက်အဦးတွေက နာမည်ကြီးလှပါတယ်။ အနုပညာမြင်ကွင်း၊ စည်ကားတဲ့ ညအလှနဲ့ အရသာတစ်မျိုးဆန်းသစ်တဲ့ ဟင်းလျာတွေကိုလည်း မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့ဦး။ 


မြူးနစ်



နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ခရီးသွားဧည့်သည်ပေါင်း ၆သန်းကျော်လောက် လည်ပတ်တဲ့ Oktoberfest ဘီယာပွဲတော်ကြောင့် မြူးနစ်ကလည်း ကျော်ကြားတဲ့နေရာတစ်ခုပါပဲ။ မြူးနစ်မြို့ဟာ ရိုးရာ ဘူဂေးရီးယန်းယဉ်ကျေးမှုကို ခေတ်ပြိုင်အသွင်နဲ့ ရောနှောထားတဲ့မြို့ဖြစ်ပြီး သမိုင်းဝင်မြို့လယ်ခေါင် Marienplatz နဲ့ ခမ်းနားထည်ဝါတဲ့ Nymphenburg နန်းတော်မှာ စူးစမ်းစရာအသစ်တွေ တိုးလာမှာပါ။ ကမ္ဘာပေါ်က အကြီးဆုံးမြို့ပြပန်းခြံတွေထဲက  တစ်ခုဖြစ်တဲ့ Englischer Garten မှာ တစ်နေ့တာလည်ပတ်ပြီး ပျော်စရာတွေ ရှာဖွေနိုင်ပါတယ်။ 


ဟမ်းဘတ်



မြောက်ပင်လယ်နဲ့ အဲလ်ဘီမြစ်ကို ဆက်သွယ်ထားတဲ့ ဟမ်းဘတ်မြို့ကတော့ ဂျာမနီမြောက်ပိုင်းရဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ သမိုင်းဝင်ကုန်လှောင်ရုံခရိုင်ဖြစ်တဲ့ Speicherstadt နဲ့ ကမ္ဘာ့အကြီးဆုံး စံပြမီးရထားလမ်းဖြစ်တဲ့ Miniatur Wunderlandတွေက ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုပါပဲ။ 


Black Forest 


တောထူထပ်တဲ့ ဒေသ၊ ချစ်စရာကောင်းတဲ့ရွာနဲ့ ရှုခင်းသာ အလှတွေရှိတဲ့ Black Forest ဟာ သဘာဝတရားချစ်မြတ်နိုးသူတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့ လမ်းတွေကို ဖြတ်ပြီး လှပတဲ့ Triberg မြို့မှာနာမည်ကြီး Black Forest ကိတ်မုန့်တစ်ချပ်ကို ခံစားပြီး ပျော်စရာရသကို ခံစားလိုက်ပါ။ 


ပွဲတော်များ



ဂျာမနီဟာ တစ်နှစ်ပတ်လုံး ပွဲတော်အများအပြားကို ကျင်းပလေ့ရှိပါတယ်။ Oktoberfest ပွဲတော်အပြင် ဘာလင်မှာ  Berlinale International Film Festival, Cologne Carnival နဲ့ အားလပ်ရက်ရာသီအတွင်းမှာ နိုင်ငံတစ်ဝန်းရှိ မြို့တွေမှာလည်း တစ်မြို့လုံးကို မီးလင်းစေလောက်မယ့် ခရစ္စမတ်ဈေးပွဲတော်တွေလည်း ရှိနေပါသေးတယ်။ 


ဘီယာနဲ့ ဝိုင်



ဂျာမနီနိုင်ငံဟာ ဘီယာယဉ်ကျေးမှုကြောင့် အဓိကကျော်ကြားပြီး ဘီယာချက်စက်ရုံများစွာကနေလည်း ဘီယာအမျိုးအစားပေါင်းရာချီကို ထုတ်လုပ်နေပါတယ်။ ရိုးရာအတွေ့အကြုံအတွက် မြူးနစ်မှာရှိတဲ့ ဘီယာခန်းမတွေကိုသွားရောက်လည်ပတ်လို့ရသလို Moselle Valley နဲ့ Rhine Valley တို့ကလည်း ဝိုင်မြည်းစမ်းဖို့အတွက် သွားလည်ပတ်သင့်တဲ့နေရာတွေပဲဖြစ်ပါတယ်။ 


ခရစ္စမတ်ဈေးများ



ဆောင်းရာသီမှာ ဂျာမနီကို သွားလည်မယ်ဆိုရင် ခရစ္စမတ်ဈေးတွေကို မဖြစ်မနေကြည့်သင့်ပါတယ်။ Nuremberg၊ Dresden နဲ့ Cologne မြို့တွေရဲ့ ပွဲလမ်းသဘင်မှာ ဝိုင်၊ ဂျင်းပေါင်မုန့် နဲ့ လက်လုပ်လက်မှုပညာတွေကို ကြည့်ရှုနိုင်တဲ့  စျေးပွဲတော်တွေကို ပါဝင်ဆင်နွှဲနိုင်လို့ ပျော်စရာခရစ္စမတ်ကို ပိုင်ဆိုင်စေမှာပါ။ 


ခရီးသွားဖို့ မှတ်သားစရာများ 



ငွေကြေးအနေနဲ့ ယူရို (€) ကို အဓိကသုံးစွဲတဲ့ ဂျာမနီမှာ ဂျာမန်စကားကို ရုံးသုံးဘာသာစကားအနေနဲ့ အသုံးပြုပေယ့်လည်း ခရီးသွားဒေသတွေမှာတော့ အင်္ဂလိပ်စကားကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြပါတယ်။

ဂျာမနီမှာ ရထား၊ ဘတ်စ်ကားတွေရဲ့ ဝန်ဆောင်မှုစနစ်က ကောင်းမွန်လို့ ခရီးထွက်ဖို့စဉ်းစားထားရင် ရထားနဲ့ ခရီးသွားဖို့ အကြံပြုချင်ပါတယ်။ 

ဂျာမနီကို တစ်နှစ်ပတ်လုံး သွားလည်လို့ရပေမယ့် နွေဦး (ဧပြီမှ ဇွန်လ) နဲ့ ဆောင်းဦး (စက်တင်ဘာမှ အောက်တိုဘာလ) ကတော့ ရာသီဥတုသာယာလို့ အလည်သင့်ဆုံးအချိန်ပါပဲ။ ဆောင်းရာသီမှာတော့ ခရစ္စမတ် စျေးပွဲတော်နဲ့ ဆောင်းရာသီ အားကစားပွဲတွေကို လေ့လာကြည့်ရှုနိုင်ပါတယ်။ 

ဂျာမနီနိုင်ငံရဲ့ သမိုင်းဝင် ကျက်သရေရှိမှု၊ သဘာဝအလှနဲ့ တက်ကြွတဲ့ယဉ်ကျေးမှုတွေက ခရီးသွားတိုင်းအတွက် စွဲမက်ဖွယ်နေရာတစ်ခု ဖြစ်လာစေပါတယ်။ လူစည်ကားတဲ့မြို့ ဒါမှမဟုတ် သာယာတဲ့ကျေးလက်ဒေသတွေကို သွားလည်ပတ်ရင်းနဲ့ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေကို မြင်တွေ့ရမှာပါ။ 



Share

Loading Next Article...
က္က