အသက် ၅၆ နှစ်အရွယ် နည်းပြက အခြားသောပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး ရာသီအစမှာ အခြေမလှဖြစ်နေတဲ့ အမ်မရီရဲ့နေရာက သူ့အတွက် ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
နာမည်ကျော်နည်းပြဟိုဆေးမော်ရင်ဟိုက မတူညီတဲ့ပရီးမီးယားလိဂ်ကလပ်သုံးသင်းနဲ့အတူ အဓိကဆုဖလားတွေကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒီအတွက် အာဆင်နယ်နည်းပြရာထူးကို မော်ရင်ဟိုက စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြခဲ့ပြီး အူနိုင်းအမ်မရီအတွက်တော့ ဖိအားတွေတိုးပွားလာစေခဲ့ပါတယ်။
မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းကို ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတွေ ဆွတ်ခူးပေးနိုင်ခဲ့ပြီး ချယ်လ်ဆီးမှာလည်း အဓိကဆုဖလား ၇ လုံးရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် နည်းပြက အခြားသောပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး ရာသီအစမှာ အခြေမလှဖြစ်နေတဲ့ အမ်မရီရဲ့နေရာက သူ့အတွက် ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းမှာ ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ မော်ရင်ဟိုဟာ လက်ရှိမှာ ဘောလုံးပွဲအစီအစဉ်သုံးသပ်သူအဖြစ် ဆောင်ရွက်နေပါတယ်။ စပါးအသင်းနဲ့လည်း သတင်းတွေထွက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကိုလည်းပြန်လည်ကိုင်တွယ်မယ်လို့ ရေပန်းစားခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ မော်ရင်ဟိုက နည်းပြလောကနဲ့ ကင်းကွာနေပါတယ်။
မော်ရင်ဟိုကိုယ်တိုင်ကလည်း စိတ်ကြိုက်အသင်းတစ်သင်းကို စောင့်ဆိုင်းနေတာဖြစ်ပြီး အသင်းဟောင်းဘင်ဖီကာရဲ့ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့ပါတယ်။ တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရင်းဒီအသင်းရဲ့ ပေါင်သန်း၉၀နဲ့ ကမ်းလှမ်းမှုကိုလည်း မော်ရင်ဟိုက ပယ်ချထားခဲ့ပြီး သူ့အတွက် စိတ်လှုပ်ရှားမှုပေးစွမ်းနိုင်မယ့် အသင်းကို ရှာဖွေနေတာဖြစ်ပါတယ်။
အာဆင်နယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားခဲ့ပြီး ၂ပွဲသရေကျကာ တစ်ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ လာမယ့်ပွဲတွေမှာတော့ အာဆင်နယ်က လိဂ်ဖလားပွဲအဖြစ် လီဗာပူးလ်၊ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝုလ်၊ လက်စတာတို့လို ခြေစွမ်းထက်အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး အမ်မရီအတွက်တော့ ပွဲကျပ်အနေအထားတွေကို ကျော်ဖြတ်ရတော့မှာဖြစ်ပါတယ်။