အကယ်ဒမီဆုကို ပူပူနွေးနွေး ပိုင်ဆိုင်ထားသူ အေးမြတ်သူက သူနေခဲ့တဲ့ ရပ်ကွက်လေးမှာ အလှူသွားလုပ်ခဲ့တာ တွေ့ရပါတယ်။ ပုံလေးတွေ ကြည့်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။
သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူက သူနေခဲ့တဲ့ ရပ်ကွက်လေးမှာ အကယ်ဒမီရတဲ့ အထိမ်းအမှတ်အနေနဲ့ အလှူသွားလုပ်ခဲ့ပါတယ်။ အကယ်ဒမီရပေမယ့်လည်း ကိုယ့်ရပ်ရွာလေးမှာရှိတဲ့ မိတ်ဆွေ အမျိုးတွေကို မမေ့မလျော့ပဲ အလှူသွားလုပ်ခဲ့တာလေးကို ကြည့်ပြီး ပရိသတ်တွေလည်း ပီတိဖြစ်လို့နေပါတယ်။
Photo : ချစ်ငယ်
အလှူအတန်း ပြုလုပ်ရင်း ကလေးတွေနဲ့အတူတူ ထမင်းထိုင်စားနေတဲ့ သူမရဲ့ ပုံရိပ်လေးကို ကြည့်ရတာလည်း အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။
“အကယ်ဒမီရလို့ မမေ့ရှာပဲ ကိုယ်နေခဲ့တဲ့ရပ်ကွတ်လေးမှာ ထမင်းလာကျွေးတဲ့ မအေးမြတ်သူ ပရိတ်သက်တွေ့ကလဲ အရမ်းကိုချစ်ပီး အားပေးတယ်တဲ့ အကယ်ဒမီရလို့ ပရိတ်သက်တွေ့က မျက်ရည်ပါကျရပါတယ်တဲ့ ကိုယ်အမကို ဝိုင်းပြီးချစ်ပေးကျလို့ ကျေးဇူးပါရှင့်” ဆိုပြီး အေးမြတ်သူရဲ့ အချစ်ရဆုံးသူငယ်ချင်းဖြစ်တဲ့ ချစ်ငယ်ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၂) ရက်နေ့က ရေးသားထားတာပါ။
Photo : ချစ်ငယ်
ပကာသနကင်းကင်းနဲ့ ပရိသတ်တွေနဲ့ ပျော်ရွှင်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုကြည့်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။
အေးမြတ်သူဟာ မကြာသေးခင်ကမှ အကယ်ဒမီ ပူပူနွေးနွေးရရှိထားတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ‘’နောင်တွင် ဥဒါန်းတည်စေသတည်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပု့ိဆုကိုရရှိခဲ့တာပါ။ ဒီဆု ကတော့ သူမအတွက် ပထမဆုံးအကြိမ်ရရှိတဲ့ အကယ်ဒမီဆုလည်း ဖြစ်ပါတယ်။
Photo : ချစ်ငယ်
အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူမရဲ့ အိမ်ထောင်ရေးကိုလည်း အသက် ၃၅ နှစ်ကျော်မှ သာ စဉ်းစားဖြစ်မယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။