အိမ်ရှင်းရင်း တွေ့လို့ တင်လိုက်တာတဲ့။
စာရွက်စာတမ်းတွေ ရှင်းရင်းနဲ့ ဆယ်တန်းတုန်းက အမှတ်စာရင်းစာရွက်လေးတွေ့ပြီး ပရိသတ်တွေကို ထုတ်ကြွားထားတာပါ။ အင်္ဂလိပ်စာအရမ်းတော်တာတဲ့။

Photo : နေမင်း



သရုပ်ဆောင် နေမင်းက ဆယ်တန်းတုန်းက အမှတ်စာရင်းလေးကို ထုတ်ကြွားထားတာပါ။ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာ အရမ်းကျွမ်းတယ်ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။

“မြန်မာ ၅၁၊ အင်္ဂလိပ် ၄၀၊ သချာၤ ၅၆၊ သိပ္ပံ ၅၃၊ လူမှုရေး ၆၇ ငယ်ငယ်ကတည်းက အင်္ဂလိပ်စာ စကျွမ်းကြီး၏ ဆယ်တန်းအမှတ်စာရင်းလေးပါ တွေ့၍ ကြွားမိခဲ့ပြီ” ဆိုပြီး ဧပြီ(၂၅) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့ အမှတ်စာရင်းလေးကိုကြည့်ပြီး လူမှုရေးမှာ တော်တာကတော့ အခုထိပါပဲဆိုတဲ့ မှတ်ချက်လေးတွေလည်း ပေးထားတာတွေ့ရပါတယ်။ နေမင်းဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၀၀ခုနှစ်က အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Photo : နေမင်း

သရုပ်ဆောင်နေမင်းက ရုပ်ရှင်ဇာတ်ကားတွေကို သူ့စိတ်ကြိုက်ရွေးချယ်ပြီးမှာသာ ဇာတ်ကားရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့မိသားစုရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဇာတ်ကားတွေအများကြီးရိုက်ထားတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။

'' လက်ရှိမှာ ကျွန်တော်တို့ ကုမ္မဏီကလည်း ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက များနေတယ်။ ပြီးတော့ ရုံတင်ဖို့ရက်တွေ စောင့်နေရတာ တွေလည်း ရှိတယ်။ အဲ့ဒီလိုမျိုးပေါ့။ ရုပ်ရှင်ကျတော့လည်း ကျွန်တော် မကြိုက်တဲ့ ဇာတ်လေးတွေဆို မရိုက်ဖြစ်တာနဲ့ ကာရိုက်တာ ရွေးတာနဲ့ လာကမ်းလှမ်းတဲ့ဟာကို မရိုက်ဖြစ်တာ များပါတယ်'' လို့ သူကဆိုပါတယ်။

Photo : နေမင်း

အဲဒီနောက် နေမင်းဟာ မိသားစု စီးပွားရေးဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း တာဝန်ယူ ဆောင်ရွက် နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းဘက်မှာ ပိုပြီးတော့ တာဝန်ယူဆောင်ရွက်နေတယ်လို့ ဆက်လက်ပြောပြ ထားပါတယ်။

''ကျွန်တော်တို့ မိသားစုက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး ၂ ခုရှိတာဆိုတော့ ဆောက်လုပ်ရေးဘက်မှာ အချိန်ဖြုန်းနေတာ များပါ တယ်'' ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ က ၅၅ ကြိမ်မြောက် မြန်မာနိုင်ငံ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : နေမင်း

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က