Huawei ဟာ 5G စာချုပ်ပေါင်း ၅၀ ချုပ်ဆိုထားပါတယ်။

ယူကေရဲ့ ထိပ်တန်း တယ်လီကွန်း Carriers တွေဟာ 5G ကွန်ရက်မှာ သုံးဖို့ပစ္စည်းအစိတ်အပိုင်းတွေကို Huawei ဆီကနေ ဝယ်ယူနေတယ်လို့ဆိုပါတယ်။

         The Guaurdian သတင်းမှာ ဖော်ပြချက်အရ ယူကေရဲ့ အကြီးဆုံး ကြိုးမဲ့ တယ်လီကွန်းဝန်ဆောင်မှုကုမ္ပဏီတွေ ဖြစ်တဲ့ EE ၊ O2 ၊ Three နဲ့Vodafone တို့ဟာ သူတို့ရဲ့ 5G ကွန်ရက် တည်ဆောက်ရေးမှာ Huawei ပစ္စည်းတွေကို သုံးစွဲနေရတယ်လို့ဆိုပါတယ်။ Huawei ဟာ Vodafone ရဲ့ ကနဦး 5G ရတဲ့ မြို့၇ မြို့ထဲက ၆ မြို့အတွက် လိုအပ်တဲ့ ကွန်ရက်ပစ္စည်းတွေ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။



Photo: GSMArena

         Huawei ဟာ EE တယ်လီကွန်းကနေ လုပ်တဲ့ ရာပေါင်းများစွာသော ကွန်ရက်တွေမှာလည်း ပါဝင်နေသလို O2 နဲ့ Three တို့ဟာလည်း Huawei နဲ့စာချုပ်ချုပ်ဆိုထားတာတွေ ရှိနေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်ထဲမှာ ယူကေဝန်ကြီးချုပ် ထရီဆာမေဟာ တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei ကို နိုင်ငံရဲ့ 5G အခြေခံအဆောက်အဦကဏ္ဍတွေမှာ ဝင်ရောက်ခွင့်ပြုဖို့လက်မှတ်ရေးထိုးလိုက်ပါတယ်။

         ဝန်ကြီးချုပ်ဟာ antenna နဲ့တစ်ခြား ကွန်ရက်အစိတ်အပိုင်းတွေ အပါအဝင် 5G အခြေခံအဆောက်အဦပိုင်းရဲ့ non-core အစိတ်အပိုင်းတွေမှာ ခွင့်ပြုချက်ပေးခဲ့တာ ဖြစ်ပြီး ယူကေတယ်လီကွန်းတွေဟာလည်း Huawei ရဲ့ ကွန်ရက်နည်းပညာကို သူတို့ကွန်ရက်တွေရဲ့ non-core အပိုင်းတွေမှာ သုံးသွားမယ်လို့ယူဆရပါတယ်။

Photo: Nikkei Asian Review

         ဗြိတိန်အစိုးရဘက်မှ Huawei ဟာ နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်မှု လုပ်နိုင် မလုပ်နိုင်ကို ယတိပြတ် ဆုံးဖြတ်ချက် မချသေးပါဘူး ။တကယ်လို့Huawei ကိုသာ ယူကေရဲ့ ကြိုးမဲ့ဆက်သွယ်မှုပိုင်းအတွက် ရေဒီယိုစနစ် တည်ဆောက်မှုကနေ ဖယ်ထုတ်သွားမယ်ဆိုရင် ကွန်ရက်စီးပွားရေးဟာ ပေါင် ၄.၅ ဘီလျံကနေ ၆.၈ ဘီလျံအထိ ဆုံးရှုံးရဖို့ရှိနေပါတယ်။ Huawei ဟာ တစ်ကမ္ဘာလုံးမှာ 5G ကွန်ရက်အတွက် စာချုပ်ပေါင်း ၅၀ အထိ ချုပ်ဆိုထားပြီး 5G base station ပေါင်း ၁ သိန်းခွဲခန့်ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က