မာတစ်ကတော့ နည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ရာသီကုန်ရင်လည်း စာချုပ်သက် တမ်း ပြည့်မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်ကတော့ အသင်းမှ မပျော်ရွှင်ပဲ အသင်းပြောင်းဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။
FC Inter News ရဲ့ ဖော်ပြချက်အရ မာတစ်အနေနဲ့ လာမယ့် ဇန်နဝါရီဈေးကွက်မှာ စီးရီးအေ ကလပ် အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။
စာချုပ်သက်တမ်းအရ ဒီရာသီကုန်ရင် ပြည့်မယ့် မာတစ်အနေနဲ့ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့် အတွက် အခက်တွေ့နေရသူပါ။
မာတစ်ကိုယ်တိုင်ကလည်း စီးရီးအေကို သွားမယ်လို့ ထုတ်ဖော်ပြောထားဖူးသလို လက်ရှိ ပြောင်းမယ်လို့သ တင်းထွက်နေတဲ့ အင်တာမီလန်အသင်းကလည်း ချဲလ်ဆီးမှာရှိစဉ်လက်တွဲခဲ့ဖူးတဲ့ နည်းပြကွန်တီ ဖြစ်နေတာကြောင့် သေချာဖို့ များနေတာပါ။
နောက်တစ်ချက်ကလည်း ဒီနှစ်မှာမှ အသင်းက ကစားဖော်နှစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဆန်းချက်နဲ့လူကာကူတို့လည်း ရောက်နှင့်နေပြီဖြစ်တာကြောင့် မာတစ်အတွက် ကစားဖော်ဟောင်းတွေနဲ့ ပြန်လည်ပေါင်းစုံရမယ့် အခြေအနေဖြစ်နေပါတယ်။