အိုးထရက်ဖို့ဒ်ကို လာကစားတဲ့ ၅ ပွဲစလုံးမှာ တစ်ပွဲတောင် အနိုင်မရတဲ့စံချိန်ကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက လီဗာပူးအသင်းကို အိမ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် ကစားခဲ့ပြီးနောက် ယူနိုက်တက်အသင်းအနေနဲ့ ခံစစ်အသားပေး ကစားခဲ့တယ်လို့ လီဗာပူး နည်းပြ ကလော့ပ်က ထုတ်ဖော်ပြောလာတဲ့အကြောင်း BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။
အနိုင်မရရှိမှုနဲ့အတူ လီဗာပူးအသင်းနည်းပြကလော့ပ်အနေနဲ့လည်း အိုးထရက်ဖို့်ကို ရောက်လာတဲ့ နောက်ဆုံး ၅ ပွဲစလုံးမှာ တစ်ပွဲမှ အနိုင်မရသေးတဲ့စံချိန်ကို တင်ထားဆဲဖြစ်ပါတယ်။
“ ဒီနှစ်ရော၊မနှစ်ကရော၊တမြန်နှစ်ကလည်း သူတို့ ခံစစ်ပဲ အမြဲဆော့ပါတယ်။ ဒါကဘယ်လိုကြီးလဲ၊ထားလိုက်ပါ ဒါက ဝေဖန်တာမဟုတ်ပါဘူး။သူတို့ရဲ့ အချက်အလက်အနေနဲ့သာ ရှိနေမှာပါ။” လို့ ကလော့ပ်က ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
သရေပွဲကြောင့် လီဗာပူးအသင်းရဲ့ ၁၇ ပွဲဆက် နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်ခဲ့သလို မန်ချက်စတာစီးတီးရဲ့ ၁၈ ပွဲဆက် အနိုင်စံချိန်ကို လိုက်မီခဲ့ခြင်း မရှိတော့ပါဘူး။
လီဗာပူးအသင်းအနေနဲ့ သရေရလဒ်ကြောင့် အဆင့် ၁ကနေ ဆင်းသက်ရခြင်းရှိပဲ မန်စီးတီးထက် ၆ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နေပါတယ်။
ယူနိုက်တက်အသင်းကတော့ အဆင့် ၁၃ နေရာကို ရမှတ် ၁၀မှတ်နဲ့ တက်လှမ်းလာခဲ့ပေမယ့် တန်းဆင်းဇုန် ထက် ၂ မှတ်သာ အသာရနေဆဲ ဖြစ်ပါတယ်။