ယူနိုက်တက်အနေနဲ့ ဗန်ဒါဆားလ်ကို အားကစားဒါရိုက်တာအဖြစ်ခန့်အပ်ဖို့ရှိနေတာပါ။

အသင်းအနေနဲ့ ကစားသမားသစ်အချို့ခေါ်ယူရာမှာအဆင်ပြေစေရေးအတွက်အလုပ်အမှုဆောင်အဖွဲ့   ကို အင်အားဖြည့်တင်းဖို့ရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေအနေနဲ့အသင်းအတွက်အောင်မြင်မှုများစွာရယူေ ပး ခဲ့တဲ့ ဂိုးသမားဟောင်းဖြစ်သူ ဗန်ဒါဆားလ်ကို အသင်းအုပ်ချုပ်မှုအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးဖို့  ရှိနေတယ်လို့ Dailymail က ဖော်ပြလာပါတယ်။

အသက် ၄၅နှစ်အရွယ်အထိ ကစားသမားအဖြစ် ဖြတ်သန်းခဲ့ပြီး ၂၀၁၆ခုနှစ်ကမှအနားယူခဲ့တဲ့နယ်သာ လန်လက်ရွေးစင်ဂိုးသမားဟောင်းဖြစ်သူ ဗန်ဒါးဆားလ်အနေနဲ့ ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ   ရာထူးကို လက်ခံရဖို့ရှိနေခဲ့တာပါ။



မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဖီဖာကမ္ဘာ့ကလပ်ချန်ပီ  ယံဆုတွေကိုရရှိခဲ့ဖူးတဲ့ ဗန်ဒါးဆားလ်ဟာ ကစားသမားဘဝက အနားယူခဲ့ပြီးတဲ့နောက်  လက်ရှိအချိန် အထိ နယ်သာလန်ကလပ်အေဂျက်ဇ်အသင်းရဲ့ စီအီးအိုရာထူးကို တာဝန်ယူထားသူလည်းဖြစ်ပါတယ်။

သတင်းထွက်ပေါ်မှုနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ဗန်ဒါဆားလ်အနေနဲ့ တစ်စုံတစ်ရာမှတ်ချက်ပြု  ခြင်းမရှိတဲ့အပြင်အတည်ပြုခြင်းမရှိသေးသော်လည်း အသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့ကမူမကြာ   မီအတည်ပြုဖို့ ရှိနေတယ်လို့လည်း သတင်းအချို့ထွက်ပေါ်နေခဲ့တာပါ။

ဗန်ဒါဆားလ်အနေနဲ့ အေဂျက်ဇ်အသင်းကို စီအီးအိုအဖြစ် တာဝန်ယူနေစဉ်အတွင်း လူငယ်ကစား သ မားအများစု ထွက်ပေါ်လာခဲ့တဲ့အတွက် ယူနိုက်တက်အနေနဲ့ကလည်း အခုလိုကမ်းလှမ်းမှုအချို့ရှိနေခဲ့  တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က