လာမယ့်တနင်္ဂနွေနေ့မှာ ကစားမှာပါ။

ဒဏ်ရာရနေတဲ့ အဓိက ဂိုးသမား အယ်လစ်ဆန် ပြန်ကောင်းလာမှုနဲ့အတူ ယူနိုက်တက်နဲ့ပွဲမှာ ပွဲထွက်ဖို့ ကလော့ပ်က အတည်ပြုထားတာပါ။

လီဗာပူးနည်းပြ ကလော့ပ်ကတော့ လာမယ့် အပတ်ထဲမှာကစားရဖို့ရှိနေတဲ့ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အသုံးပြုမယ့်အသင်းလူစာရင်းကို အခုကတည်းက အတည်ပြုထားနှင့်ပြီး ဖြစ်တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



လက်ရှိမှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား အယ်လစ်ဆန်ကလည်း ခြေသလုံးကြွက်သား ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေနိုင်ပြီဖြစ်ပါတယ်။



အလားတူ နောက်ထပ် ကစားသမားတစ်ဦးဖြစ်တဲ့ ဂျိုးစ်မာတစ်ကလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်း အတူဆင်းနေနိုင်ပြီဖြစ်လို့ ဒီကစားသမားနှစ်ဦးကို ယူနိုက်တက်နဲ့ပွဲမှာ သေချာပေါက် အသုံးပြုမယ်လို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြား အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မိုဟာမက်ဆာလာကတော့ ပြီးခဲ့တဲ့ လက်စတာစီးတီးနဲ့ပွဲက ခြေကျင်းဝတ်ဒဏ်ရာကို ပြန်လည်ကြံံခိုင်အောင် ပြုမူနေရသေးလို့ ပွဲထွက်ဖို့အတွက် အတည်မပြုနိုင်သေးဘူးလို့ The Daily Mirror သတင်းဌာနကဖော်ပြလာပါတယ်။

နဘီကီတာကလည်း ဂူနီယာအသင်းအတွက် နိုင်ငံတကာပွဲ ၂ ပွဲ ကစားပေးခဲ့သလို ဆာဒီယိုမာနေးလည်း ဒီကနေ့မှာ အသင်းကို ပြန်ရောက်လာဖို့ရှိနေပါတယ်။

နောက်ထပ် ကစားသမားတွေဖြစ်တဲ့ ဖာမီနိုနဲ့ဖာဘင်ဟိုတို့ကတော့ကြာသပတေးနေ့မှာအသင်းနဲ့လာပူးပေါင်းနိုင် မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က