မာရှယ် နဲ့ လင်ဂတ်တို့ (၃)ပတ်ခန့် အနားယူရတော့မှာပါ။

ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်ကစားရဖို့ ရှိနေတဲ့ ယူနိုက်တက်အတွက်တော့ အဓိကကစားသမား (၂)ဦးကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အန်သိုနီမာရှယ် နဲ့ ဂျက်ဆီလင်ဂတ်တို့ဟာ ရက်သတ္တပတ် (၂)ပတ် ကနေ (၃)ပတ်ကြာ အနားယူရမယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အတည်ပြုသွားခဲ့ပါတယ်။

ပွဲချိန်ပထမပိုင်းအတွင်းမှာ လင်ဂတ်က တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး မာရှယ်ကလည်း ဒုတိယပိုင်းအစမှာပဲ လူစားလဲခဲ့ရပါတယ်။ ချယ်လ်ဆီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက မာရှယ် နဲ့ လင်ဂတ်တို့ရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး အခု
လိုပဲ ဖော်ပြခဲ့ပါတယ်။


"လာမယ့်ပွဲ (၂)ပွဲလောက်ထိ သူတို့ကို တွေ့မြင်ရမှာ မဟုတ်ပါဘူး၊ သူတို့အမြန်ဆုံးပြန်လည်သက်သာလာဖို့ မျှော်လင့်နေပါတယ်၊ ဒါပေမယ့်လည်း သူတို့ရဲ့ အခြေအနေက နှစ်ပတ် (သို့) သုံးပတ်လောက်အထိ အနားယူရမှာပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆိုးလ်ရှားဟာ ချယ်လ်ဆီးနဲ့ပွဲမှာ လူငယ်ကစားသမားတွေကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

လူငယ်အသင်းက ကစားသမားနှစ်ဦးဖြစ်တဲ့ အိန်ဂျယ်ဂိုမက်စ် နဲ့ တာဟစ်ချောင်တို့ကို ဆိုးလ်ရှားက အက်ဖ်အေဖလားပွဲစဉ်အတွက် အသင်းကြီးကို ခေါ်ယူထားတယ်လို့ သိရပြီး မာရှယ် နဲ့ လင်ဂတ်တို့ ဒဏ်ရာရရှိနေခဲ့မှုက အဆိုပါ လူငယ်ကစားသမားနှစ်ဦးအတွက် အခွင့်အရေး တစ်ခုဖြစ်လာခဲ့တယ်လို့လည်း ဆိုးလ်ရှားက ေြပာကြားခဲ့ပါတယ်။


"ဒါက အသင်းမှာ ရှိနေတဲ့ ဘယ်သူ့အတွက်မဆို အခွင့်အရေးပါပဲ၊ အလက်ဆစ်ဆန်းချက်ဇ်၊ လူကာကူ၊ တာဟစ်ချောင် ဒါမှမဟုတ် အိန်ဂျယ်ဂိုမက်စ်တို့အတွက် ပွဲကစားခွင့်ရဖို့ပေါ့" လို့ ဆိုးလ်ရှားက သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း Sportskeeda သတင်းဌာနာက ဖော်ပြသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က