ယခုရာသီမှာ တစ်မိနစ်မှ ပါဝင်ကစားရခြင်းမရှိသေးသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဖီးလ်ဂျုံးစ်က ယူရိုပါလိဂ်ပြိုင်ပွဲဟာ ၎င်းအတွက် နည်းပြဆိုးလ်ရှားရဲ့ ပထမအသင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်နေတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဖီးလ်ဂျုံးစ်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်မိနစ်မှ ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး နည်းပြဆိုးလ်ရှားက ဗဟိုခံစစ်မှာ ဟယ်ရီမက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့အတွဲကို အသုံးပြုနေတာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဖီးလ်ဂျုံးစ်ဟာ အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး ကြာသပတေးနေ့မှာ အက်စတာနာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

“အသင်းမှာ ကျွန်တော့်လိုမျိုးပဲ ပွဲသိပ်အများကြီး ပါဝင်မကစားရတဲ့ကစားသမားတွေရှိနေပါတယ်။ ဒါပေမယ့် အဲဒါက အားလုံးအတွက် ပွဲကစားခွင့်ရဖို့အတွက် အခွင့်အရေးပါပဲ”

“ပွဲစဉ်တွေအားလုံးက စိပ်လာပြီး လျင်မြန်လာတဲ့အခါမှာ အလုပ်များတဲ့ကာလပါပဲ။ အဲဒီလိုအချိန်မှာ ခင်ဗျားအနေနဲ့ အားလုံးက တိုက်ပွဲဝင်ဖို့အဆင်သင့်ရှိတဲ့ ကြီးမားတဲ့လူစာရင်းရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့ ပျော်ရွှင်ရမယ့်အချိန်ကာလပါပဲ”လို့ အသင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။



အဲရစ်ဘိုင်လီရဲ့ ဒူးဒဏ်ရာရရှိနေမှုနဲ့ ခရစ်စမောလင်း ရိုးမားကို အငှားနဲ့ ပြောင်းရွှေ့သွားမှုက ယူနိုက်တက်ရဲ့ ခံစစ်ကို အားနည်းစေပေမယ့် ဖီးလ်ဂျုံးစ်က ဆိုးလ်ရှားရဲ့ ပုံမှန်ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိဖို့အတွက် ခက်ခဲလိမ့်မယ်ဆိုတာကို နားလည်နေတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်အုပ်စု L မှာ ပါတီဇန်၊ AZ နဲ့ အက်စတာနာအသင်းတို့နဲ့အတူ ကျရောက်နေတာဖြစ်ပြီး ယခုအပတ်ကြာသပတေးနေ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အက်စတာနာအသင်းကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က