အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် တစ်ခါတုန်းက မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် စနောက်ခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
အူနိုင်းအမ်မရီဟာ ဆီဗီလာအသင်းနဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြားမှာ ယူရိုပါလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။
ဆီဗီလာအသင်းကို ကိုင်တွယ်နေစဉ်အချိန်အတွင်း အမ်မရီဟာ နိုင်ယွန်မြို့မှာကျင်းပခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ထိပ်သီးနည်းပြများဖိုရမ်ကို တက်ရောက်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က အမ်မရီနဲ့ ပျော်ရွှင်စရာအခိုက်အတံ့တွေ ရှိနေခဲ့တာဖြစ်ပါတယ်။
“တစ်နေ့ ကျွန်တော်တို့ နိုင်ယွန်မှာ နည်းပြတွေတွေ့ဆုံပွဲအတွက် ရှိနေခဲ့တုန်းက ကျွန်တော်က ယူရိုပါလိဂ်ချန်ပီယံဘွဲ့ကို အများကြီး ကာကွယ်ထားနိုင်ခဲ့ပါတယ်။ ဖာဂူဆန်က ကျွန်တော့်ကို မေးခဲ့ပါတယ်။ ‘ဒါပေမယ့် တကယ်ဆိုရင် အူနိုင်း ချန်ပီယံလိဂ်ဖလားကို ပိုပြီး မရယူချင်ဘူးလား’တဲ့”
“အင်း ရယူချင်တာပေါ့။ သူ ပြောဖို့တောင် မလိုပါဘူး။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော် ပျော်ရွှင်နိုင်ပြီး ကျွန်တော် ယူရိုပါလိဂ်ကို ကာကွယ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဥရောပဘောလုံးအဖွဲ့ချုပ်ကလူတွေက ဒီပြိုင်ပွဲကိုလည်း အများကြီး တိုးတက်အောင် ပြုလုပ်နေတယ်လို့ ထင်ခဲ့လို့ပါ။ ဒါပေမယ့် တကယ့်တကယ် ပထမကတော့ ချန်ပီယံလိဂ်ပါ”လို့ Soccer AM နဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။