• ယူကရိန်းစစ်တပ်အတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့တဲ့ ရော်နယ်ဒိုလက်မှတ်နဲ့ဂျာစီ

ရော်နယ်ဒိုလက်မှတ်ထိုးထားတဲ့ဂျာစီကို လေလံတင်ခဲ့တာပါ။

အသက် (၁၄) နှစ်အရွယ် ကလေးငယ်တယောက်ဟာ သူ့ဆီမှာရှိတဲ့ ရော်နယ်ဒိုလက်မှတ်နဲ့ ပေါ်တူဂီဂျာစီတထည်ကို လေလံတင်ရောင်းချပြီး ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့သေးတယ်လို့ သိရှိရပါတယ်။ အီဗန်နိုဖရန်ကိဗ်လို့အမည်ရတဲ့ ဒီယူကရိန်းကလေးငယ်ဟာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီပွဲကို ကြည့်ရှုရင်း ဒီဂျာစီကိုရရှိခဲ့တာပါ။

image

ပြီးခဲ့တဲ့ (၂၀၁၉) မှာ ကစားခဲ့တဲ့ ယူကရိန်းနဲ့ပေါ်တူဂီတို့ရဲ့ ယူရို-၂၀၂၀ ခြေစစ်ပွဲမှာ အီဗန်နိုက ရော်နယ်ဒိုလက်မှတ်ရေးထိုးထားတဲ့ ပေါ်တူဂီဂျာစီကို ရရှိခဲ့တာဖြစ်ပြီး သူ့အတွက် သမိုင်းဝင်အမှတ်တရအဖြစ် သိမ်းဆည်းထားပါတယ်။ ဒါပေမယ့်လည်း အရေးကြီးလာတဲ့အချိန်မှာတော့ အီဗန်နိုဟာ “Save Ukraine Now” ဆိုတဲ့ လှုပ်ရှားမှုနဲ့အတူ ပရဟိတလေလံပွဲကို စီစဥ်ပြီး ရော်နယ်ဒိုရဲ့ ဂျာစီကို ရောင်းချခဲ့ပါတယ်။

image

ဒီလိုမျိုး လေလံတင်ရောင်းချမှုကတဆင့် အီဗန်နိုက ပေါင်နှစ်ထောင်နဲ့ညီမျှတဲ့ ငွေကြေးကို ရရှိခဲ့တယ်လို့လည်း The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လေလံအောင်သွားတဲ့လူပုဂ္ဂိုလ်ကတော့ အမေရိကန်နိုင်ငံကဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး လေလံတင်ရောင်းချမှုကတဆင့် ရရှိခဲ့တဲ့ငွေကြေးအားလုံးကို အီဗန်နိုက ယူကရိန်းစစ်တပ်ရဲ့ ဆေးဝါးဆိုင်ရာ အထောက်အပံ့တွေမှာ အသုံးပြုဖို့ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုမျိုး သူ့ရဲ့ဂျာစီလေလံအောင်ခဲ့တဲ့အပေါ်မှာလည်း ရော်နယ်ဒိုက “(၂၀၁၉) ယူကရိန်းနဲ့ကစားခဲ့တဲ့ပွဲမှာ ကျနော်ဝတ်ဆင်ခဲ့တဲ့ဂျာစီက လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တခုဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒီလုပ်ဆောင်ချက်အတွက်လည်း ကျနော် ယူကရိန်းဘောလုံးအဖွဲ့ချုပ်ကို ဂုဏ်ပြုပါတယ်။ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က