• ယူနိုက်တက်အသင်းတွင်းမှာ ခေါင်းဆောင် ဆရာကြီး (၈) ယောက်အထိ ရှိလာပြီဖြစ်

ခေါင်းဆောင်ကစားသမားအစုအဖွဲ့တွေက အသင်းတွေမှာ စုဖွဲ့ထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဦးဆောင်သူ ကစားသမားစာရင်းမှာ အရေအတွက်က (၈) ယောက်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းခေါင်းဆောင်က မက်ဂွိုင်းရားဖြစ်ပေမယ့် သူက ပွဲထွက်ခွင့်မရတာကြောင့် ဘရူနိုဖာနန်ဒက်စ်ကသာ အသင်းခေါင်းဆောင်အဖြစ် ပွဲအများစုကို တာဝန်ယူနေရပါတယ်။

image

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အခြားသော ပရီးမီးယားလိဂ်နည်းပြတွေနည်းတူ အသင်းရဲ့ ဦးဆောင်သူ ကစားသမားအစုအဖွဲ့ကို ဖန်တီးပေးထားပါတယ်။ ဒီအစုအဖွဲ့မှာတော့ စီနီယာ ကစားသမားတွေ၊ အတွေ့အကြုံရှိ ကစားသမားတွေပါဝင်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ချိန်မှာ ဒီကစားသမားတွေကလည်း ပါဝင်ပတ်သက်ရတယ်လို့ သိရှိရပါတယ်။

image

မန်ချက်စတာညနေခင်းသတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်ရဲ့ ဒီကစားသမားစာရင်းမှာ မက်ဂွိုင်းရား၊ ဘရူနိုဖာနန်ဒက်စ်၊ ဂိုးသမား ဒီဂီယာ၊ ဗာရန်း၊ ကက်စ်မဲရိုးတို့ အဓိက ပါဝင်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိက,ကစားသမားနှစ်ယောက်ဖြစ်တဲ့ နောက်ခံလူ လုခ်ရှော၊ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်တို့လည်း ပါဝင်နေပါတယ်။

နောက်ဆုံးပါဝင်တဲ့ ကစားသမားတစ်ယောက်က ဘယ်သူမှမထင်မှတ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ သူကတော့ ယူနိုက်တက်အတွက် (၃) ပွဲသာ ပါဝင်ကစားရသေးတဲ့ ဝါရင့်ဂိုးသမားကြီး တွမ်ဟီတန်ပဲဖြစ်ပါတယ်။ မီဒီယာတွေကတော့ တန်ဟက်ခ်ရဲ့ ဒီအင်အားစုကို ဖာဂူဆန်ခေတ်နဲ့ ခပ်ဆင်ဆင် ပုံစံတူ အနေအထားမျိုး လိုက်လံဖန်တီးထားတာဖြစ်တယ်လို့ ဆိုနေကြပါတယ်။

နီးနီးစပ်စပ် ပြိုင်ဘက် အာဆင်နယ်မှာလည်း ဒီလိုမျိုး ဦးဆောင်သူ ကစားသမား အစုအဖွဲ့ရှိနေပြီး အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့အတူ အသင်းကနေ ထွက်ခွာတော့မယ့် ချာကာ၊ တိုက်စစ်မှူး ဂျေးဆုတို့ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ (၃) ယောက်ဆိုတဲ့ အရေအတွက်နဲ့ ယှဥ်ရင်တော့ ယူနိုက်တက်ရဲ့ (၈) ယောက်ဆိုတဲ့ ပမာဏက တော်တော်လေးများပြားနေတယ်လို့ဆိုနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က