• “ယူနိုက်တက်နဲ့ချဲလ်ဆီးတို့က အကူးအပြောင်းကာလတဲ့လား၊ ရယ်ရအောင်မလုပ်နဲ့ဗျာ” - ကွန်တီ

ကွန်တီက အသင်းကို ထပ်မံအားဖြည့်ချင်နေတာပါ။

စပါးနည်းပြ ကွန်တီက လက်ရှိ ပရီးမီးယားလိဂ်ကလပ် နှစ်သင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က အကူးအပြောင်းကာလမှာ ရောက်နေတယ်ဆိုတဲ့ အပေါ် ပြက်ရယ်ပြု ပြောကြားသွားခဲ့ပါတယ်။ ကွန်တီရဲ့ စပါးက ရာသီအဖွင့်မှာ ရလဒ်ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်ပိုင်း တော်တော်လေး ယိမ်းယိုင်လာခဲ့ပါတယ်။

image

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတင်ပဲ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ဘယ်လိုမှ မယှဥ်နိုင်ခဲ့ဘဲ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ စပါးဟာ ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ရောက်ဖို့အတွက်လည်း အရေးကြီးတဲ့ကာလကို ရောက်ရှိနေပြီး ဒီကနေ့ညမှာ စပို့တင်းလစ္စဘွန်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။

image

ဒီပွဲမတိုင်ခင်မှာ ကွန်တီက “ချဲလ်ဆီးက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ချန်ပီယံလိဂ်ဖလားရထားတာ၊ ပြီးခဲ့တဲ့ရာသီကမှ ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူးထားတာကို အဲ့ဒါကို အကူးအပြောင်းကာလတဲ့လား။ ယူနိုက်တက်ကလည်း လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ပရီးမီးယားလိဂ်မှာ အဆင့် (၂) ရထားတယ်လေ။ ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံနိုင်တဲ့ ဒီအသင်းတွေက အခုနေမှာ အကူးအပြောင်းကာလဆိုင် ဘယ်အသင်းက ချန်ပီယံဆုကို စိန်ခေါ်မှာလဲ ကျနော်လည်း မသိတော့ဘူး”

“ပြီးခဲ့တဲ့နိုဝင်ဘာမှာ ကျနော်တို့ အဆင့် (၉) မှာ၊ ကွန်ဖရင့်လိဂ် ကစားခဲ့ရတယ်။ အဲ့ဒါကိုမှ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က အကူးအပြောင်းကာလရောက်နေတယ်လို့ ပြောနေကြတာလား။ ရော်နယ်ဒို၊ ဆန်ချို၊ ဗာရန်းတို့နဲ့ အကူးအပြောင်းကာလတဲ့လား။ ကျနော့်ကို ရယ်ရအောင် မလုပ်ပါနဲ့။ ကျနော်လည်း အဲ့ဒီလိုမျိုးပုံစံနဲ့ အကူးအပြောင်းလုပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်ဗျာ” လို့ ပြောကြားသွားခဲ့ပါတယ်။

ကွန်တီဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာလည်း အသင်းကို ကြီးမားတဲ့ ပြင်ဆင်အားဖြည့်မှုတွေ ပြုလုပ်ဖို့ မျှော်လင့်ထားပြီး ဒါကိုလည်း အသင်းတာဝန်ရှိသူတွေက သိရှိထားကြောင်းဆိုပါတယ်။ ကွန်တီဟာ သူ့အတွက် လိုအပ်တဲ့ ပြင်ဆင်အားဖြည့်မှုတွေ မပြုလုပ်ပေးဘူးဆိုရင် ရာထူးကနေ နှုတ်ထွက်ဖို့ ဝန်လေးတဲ့လူတယောက်လည်း မဟုတ်တာကြောင့် စပါးနဲ့ ကွန်တီတို့ရဲ့ အနာဂတ်က စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

Share

Loading Next Article...
က္က