ဖီးလ်ဂျုံးထက်ပိုကောင်းတဲ့ နောက်ခံလူအမည်ကိုပြောပါလို့ တွစ်တာက ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့တာပါ။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဖီးလ်ဂျုံးကို တွစ်တာကတဆင့်နောက်ပြောင်းခဲ့တဲ့ ပို့စ်အတွက် တွစ်တာက ယူနိုက်တက်နဲ့ဖီးလ်ဂျုံးကို တရားဝင် ပြန်လည်တောင်းပန်လိုက်ပါတယ်။
အဆိုပါ နောက်ပြောင်ခဲ့တဲ့ ပို့စ်ကိုလည်း လူမှုကွန်ရက်ကနေ ပြန်လည် ဖျက်သိမ်းလိုက်ပြီလို့ တွစ်တာက ကြေညာ ပေးခဲ့ပါတယ်။
တွစ်တာက တင်ခဲ့တဲ့ ပို့စ်ကတော့ - “ဖီးလ်ဂျုံးထက် ပိုကောင်းတဲ့ နောက်ခံလူကို ပြောပါ။”လို့ ရေးသားဖော်ပြခဲ့ တာဖြစ်ပြီး ဒီပို့စ် ရေးတင်ဖြစ်တာနဲ့ ပတ်သက်လို့ တွစ်တာက ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။
“ဒီလို စိတ်မကောင်းဖြစ်စရာ ဖြစ်သွားမယ်လို့ မရည်ရွယ်ခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ အမှားအတွက် ချက်ခြင်းပဲ ပြန် ဖျက်လိုက်ပါပြီ။နောက်ထပ်လည်း ပရိသတ်တွေထဲကနေ ကောမန့်ပေးနိုမှုအပေါ် ကန့်သတ်နိုင်ရန် ကြိုးစားနေ ပါတယ်။”လို့ တွစ်တာ ပြောရေးဆိုခွင့်ရှိသူက ပြောလာတဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါ တယ်။
ဖီးလ်ဂျုံးကတော့ အသက် ၂၈နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ဒီရာသီ ယူနိုက်တက်အတွက် ၈ပွဲသာ ပါဝင်ကစားပေးထား နိုင်ခဲ့သလို ဘောလုံးပွဲပြန်လည်စတင်တဲ့ ဇွန်လမှ စတင်ကာ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ် လူစာရင်းမှာလည်း ပါဝင် နိုင်ခဲ့ခြင်းမရှိပါဘူး။
ယူနိုက်တက်အသင်းကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းထားနိုင်ပြီး စပိန်ကလပ် ဆီဗီလာအသင်းနဲ့ ရင်ဆိုင်ရမှာပါ။