မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ဂိုးသွင်းရာမှာ ပိုပြီးအညှာအတာကင်းမဲ့ဖို့ အသင်းကို တောင်းဆိုခဲ့ပြီး ပုံမှန်ပွဲကစားတာထက် ပင်နယ်တီကန်သွင်းတာ ပိုကောင်းမွန်နေတယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ကရာဘောင်ဖလားပွဲစဉ်အဖြစ် ပထမတန်းအသင်း ရော့ချ်ဒေးလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ စိတ်ပျက်ဖွယ် တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ခံယူပြီးမှ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မာတာ၊ ပါရဲရား၊ ဖရက်၊ ဂရင်းဝုဒ်၊ ဒန်နီရယ်ဂျိမ်းစ်တို့က ပင်နယ်တီအဆုံးအဖြတ် ခံယူရမှာ အမှားအယွင်းမရှိ ကန်သွင်းယူပြီး ၅-၃ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက ရာသီကြိုခြေစမ်းပွဲတုန်းက ICC ပြိုင်ပွဲမှာ အေစီမီလန်အသင်းကို ပင်နယ်တီနဲ့ အနိုင်ရရှိခဲ့တဲ့ ၎င်းရဲ့အသင်းကို ယခုထက်ပိုမိုပြီး ပြင်းပြင်းထန်ထန်ကစားကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ပွဲအများစုမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ်တစ်ပွဲမှာလည်း ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ခင်ဗျားက ဟုတ်ပြီ ဆက်လုပ်လို့ တွေးမှာပဲ”
“အဲဒါက အခုအဓိကသော့ချက်ဖြစ်လာနေပြီး ကစားသမားတွေအတွက် တစ်ဦးချင်း တိုးတက်မှုနှုန်းကို ပြသနေတာပါ။ ကျွန်တော်တို့ ဒုတိယဂိုး သွင်းဖို့ လိုအပ်ပါတယ်”
“ဒီအသင်းမှာ ခင်ဗျား အေးဆေးထိုင်နေပြီး ဒီလောက်နဲ့ လုံလောက်ပြီလို့ မျှော်လင့်နေလို့ မရပါဘူး”
“ကျွန်တော်တို့က ပုံမှန်ပွဲကစားတာထက် ပင်နယ်တီကန်သွင်းမှုမှာ ပိုကောင်းမွန်နေတယ်ဆိုတာကို ခင်ဗျား သိပါတယ်”လို့ ရော့ချ်ဒေးလ်နဲ့ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။