ရာသီအစပွဲစဉ်အပြီးကတည်းက အနားယူနေခဲ့ရသူပါ။

လီဗာပူးအသင်းပွဲထွက်ကစားသမား အယ်လီဆင်ဟာ ယခုအပတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအိမ်ကွင်း အိုးထရက်ဖို့ဒ်ကို သွားရောက်ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်အတွက် ဒဏ်ရာကနေ သက်သာနေပြီး ပါဝင်ကစားသွားဖို့ ပြင်ဆင်နေတယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။

အယ်လီဆင်ဟာ ယခုရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လက နောဝစ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာရရှိခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေအားလုံးကို လွဲချော်နေခဲ့သူဖြစ်ပြီး ယူနိုက်တက်နဲ့ကစားရမယ့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း ကြေညာတော့မယ်လို့ သိရပါတယ်။



အယ်လီဆင်ဟာ ခြေသလုံးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီကမှ လီဗာပူးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အေဒရီယန်က အယ်လီဆင်မပါဝင်နိုင်တဲ့အခြေအနေမှာ လီဗာပူးအသင်းအတွက် ပထမပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးဖို့ ထိုက်တန်သူဖြစ်ကြောင်း သက်သေပြသနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေတာဖြစ်ပါတယ်။ The Telegraph ရဲ့သတင်းအရ အယ်လီဆင်ဟာ ရက်သတ္တပတ်လေ့ကျင့်ရေးအစီအစဉ်ကို အပြည့်အဝ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပြီး ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားသွားမယ်လို့ သိရပါတယ်။

အယ်လီဆင်ဟာ နိုင်ငံတကာအားလပ်ချိန် ၂ ပတ်အတွင်း ဒဏ်ရာကနေ အလျင်အမြန် ပြန်လည်သက်သာလာခဲ့တာဖြစ်ပြီး လီဗာပူးအသင်းအတွက် ပြန်လည်ကစားဖို့အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အသင်းဆေးအဖွဲ့ ယုံကြည်အောင် ပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က