• ယူရိုတုန်းက အင်္ဂလန်ကိုလှော်ထားတဲ့ အီတလီတို့ ဒီနေ့တနေကုန် ရှယ်ပြန်သမခံနေရ

အီတလီကစားသမားတွေကို အင်္ဂလန်ပရိသတ်တွေက လှောင်ပြောင်နေတာပါ။

ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို အီတလီတို့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီးနောက် အင်္ဂလန်ရဲ့ “It’s coming home” ဆိုတဲ့ စာသားကို အီတလီကစားသမားတွေနဲ့ ပရိသတ်တွေက “It’s coming Rome” ဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက အီတလီတို့ အင်္ဂလန်က ဝင်ဘလေကွင်းကြီးထဲမှာ ယူရိုချန်ပီယံဆုကို ဆွတ်ခူးခဲ့တာပါ။

image

ဒါပေမယ့် မနေ့ညကတော့ အီတလီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်အဖြစ် မြောက်မက်ဆီဒိုးနီးယားနဲ့ အိမ်ကွင်းပွဲမှာ ပွဲကစားချိန် နောက်ဆုံးမိနစ်မှ ပြိုင်ဘက်ကို အနိုင်ဂိုးခွင့်ပြုခဲ့ရပါတယ်။ ဒီပွဲရလဒ်ကြောင့် အီတလီတို့ လာမယ့်ဆောင်းရာသီမှာကျင်းပမယ့် ကာတာကမ္ဘာ့ဖလားကို လွဲချော်ရတော့မှာပါ။

image

(၂၀၁၈) ကမ္ဘာ့ဖလားကိုလည်း လွဲချော်ထားတဲ့ အီတလီအတွက် ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂) ကြိမ်ဆက် လွဲချော်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာတော့ အင်္ဂလန်ပရိသတ်တွေအတွက် အချိန်အခါကောင်းကို ကျရောက်လာခဲ့တယ်လို့ဆိုရမှာပါ။ အီတလီ ကမ္ဘာ့ဖလားလွဲပြီဆိုတဲ့အချိန်ကစလို့ အင်္ဂလန်ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ပုံစံမျိုးနဲ့ လှောင်ပြောင်နေကြပါတယ်။

အင်္ဂလန်ပရိသတ်တွေဟာ “It’s coming Rome, ရောမမြို့ကို ပြန်လာပြီပေါ့။ ဒါနဲ့ နေပါဦး ဘယ်သူတွေ ပြန်လာတာလဲ” “ဟေး အီတလီတို့။ မင်းတို့အိမ်ပြန်ရပြီဆိုတာကို သူငယ်ချင်းပီပီသသနဲ့ အသိပေးတာပါ” “(မြောက်မက်ဆီဒိုးနီးယားသွင်းတဲ့ဂိုး) လှလိုက်တဲ့ဂိုးကွာ။ ဒါပေမယ့် အီတလီသားတွေကတော့ ဒိုင်ကို စောဒကတက်ဖို့ ပြေးကြပြန်တာပဲ။ ဘာအတွက် စောဒကတက်လဲဆိုတာ ဘယ်သူမှလည်း မသိပါဘူး”

“ဘိုနူချီကို ဒီမနက် ကျယ်ကျယ်လေး အော်ပြောပေးလိုက်ပါ။ It’s coming Rome ဆိုပြီး” “ကမ္ဘာ့ဖလားရောက်ရင် ယူရိုမှာ ဆိုခဲ့တဲ့ သီချင်းတွေ ပြန်ဆိုကြပေါ့ကွာ” “ကာတာမှာတွေ့မယ် ဘိုနူချီရေ။ အိုး .. နေပါဦး၊ ဆောရီးကွာ” လို့ အမျိုးမျိုး လှောင်ပြောင်နေကြပါတယ်။ အင်္ဂလန်ကတော့ ပလေးအော့ဖ်ကန်စရာ မလိုဘဲ ကာတာကမ္ဘာ့ဖလားကို အုပ်စုအဆင့်ကနေ တိုက်ရိုက်အောင်မြင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က