သက်မွန်မြင့်က ၂၀၁၈ ခုနှစ် အကယ်ဒမီ ဆုချီးမြင့်ပွဲအတွက် ရင်ခုန်နေပြီလို့ ဆိုပါတယ်။ သူမဟာ အကယ်ဒမီဆု ၂ ဆု ပိုင်ဆိုင်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo: သက်မွန်မြင့်
သက်မွန်မြင့်က ၂၀၁၈ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုချီးမြင့်ပွဲအတွက် အနုပညာမောင်နှမတွေ ကိုယ်စား ရင်ခုန်နေပြီလို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေကလည်း ဇာတ်ကားကောင်း တွေ ဖြစ်တယ်လို့ Duwun Media ကနေပြောပြလာပါတယ်။
‘’သက်မွန်အတွက်တော့ ရင်ခုန်စရာ ကားတော့မရှိဘူး။ ကိုယ့်ရဲ့ အနုပညာမောင်နှမတွေ အတွက်ကိုတော့ ရင်ခုန်ရတယ်။ ဒီနှစ်က ဇာတ်ကားကောင်းတွေလည်း အများကြီးထွက်တယ်။ သရုပ်ဆောင်တွေကလည်း သူတို့ရဲ့ ကာရိုက်တာကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခွင့်ရတယ်၊ သရုပ်ဆောင်နိုင်ကြတယ်ဆိုတော့လေ’’ လို့ သူကပြောပါတယ်။
Photo: သက်မွန်မြင့်
သက်မွန်မြင့်က သူကိုယ်တိုင်ရင်ခုန်နေရတဲ့ အကယ်ဒမီပေးပွဲကို တက်မယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း သက်မွန်မြင့် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေရှိပါသေးတယ်။
‘’ ဒီနှစ်တော့ တော်တော်ရင်ခုန်စရာကောင်းမှာပါ။ မတ်လ ထဲမှာဆိုတော့ တက်ဖြစ်ဖို့ များပါတယ်။ ခရီးတွေ သွားနေရတာဆိုတော့လည်း သေချာတော့ မပြောပြတတ်ဘူး’’ ဆိုပြီးတော့ Zoey Fashion ဆိုင်သစ်ဖွင့်ပွဲမှာ ဖြေဆိုခဲ့ပါတယ်။
Photo: သက်မွန်မြင့်
သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။
Photo: သက်မွန်မြင့်
သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။