ဦးကျော်သူကတော့ ပုဂံမြို့သူ ဇာတ်လမ်းတွဲနဲ့ ဒါရိုက်တာဆု ရရှိခဲ့ပါတယ်။
ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Best Director Award( TV Series) ဆုကိုတော့ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲနဲ့ ဦးကျော်သူက ရရှိခဲ့ပါတယ်။ ဦးကျော်သူကိုယ်စား မိခင်ဖြစ်သူက ဆုတက်ယူခဲ့ပါတယ်။
‘’ ကျော်သူက မရှိတော့ အဖေအမေကို ဒီပွဲကိုသွားစေချင်ခဲ့တယ်။ ကျေးဇူးတင်ပါတယ်’’ လို့ သူကဆိုပါတယ်။
ဓမ္မဝိပါလ ၊ ပျားရည်အိုင်၊ ပန်းနှစ်ပွင့်စီးချင်း၊ ပုဂံမြို့သူ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေက ဆန်ခါတင်စာရင်းထဲပါဝင်ခဲ့တာပါ။
Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star
Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even
Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။