အင်္ဂလိပ်စာ သင်ယူနေတာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ အင်္ဂလိပ်စာ သင်ယူမှုတွေ ပြုလုပ်နေတယ်လို့ ESPN က ဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာလိမ့်မယ်လို့ ရေပန်းစားနေတဲ့ ဇီဒန်းရဲ့ အင်္ဂလိပ်စာသင်ယူနေတဲ့ သတင်းဟာ တကယ်ပဲ အင်္ဂလန်ကို ခြေချတော့မှာလားလို့ ထင်စရာ ဖြစ်လာခဲ့ပါပြီ။

Photo : Metro

 

ရီးရဲလ်နည်းပြရာထူးက နှုတ်ထွက်ခဲ့ပြီး မကြာတဲ့အချိန်အတွင်းမှာပဲ ဇီဒန်းဟာ မန်ယူနည်းပြ မော်ရင်ဟိုရဲ့ နေရာကို အစားထိုးဝင်ရောက်တော့မယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့တာပါ။ လက်ရှိအချိန်မှာလည်း မော်ရင်ဟိုဟာ ဖိအားတွေအောက် ရောက်နေပြီး ပရီးမီးယားလိဂ်မှာလည်း ရလာဒ်တွေ မတည်ငြိမ်ဖြစ်နေကာ လိဂ်ဖလားပွဲမှာလည်း ဒါဘီကို ရှုံးပြီး ထွက်ခွာခဲ့ရပါတယ်။

Photo : Metro

 

အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့လည်း ဆက်ဆံရေးအဆင်မပြေဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ သူတို့နှစ်ဦးကြား ဆက်ဆံရေးကို အထင်းသားသိစေနိုင်တဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဗီဒီယိုမှာ ပေါ့ဂ်ဘာ နဲ့ မော်ရင်ဟိုတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စိမ်းကားတဲ့ပုံစံတွေ ဖြစ်နေပြီး ပေါ့ဂ်ဘာရဲ့ မော်ရင်ဟိုကို ကြည့်နေတဲ့ ပုံစံကလည်း မကျေမနပ်ဖြစ်နေတာကို သိသာစေခဲ့ပါတယ်။

 

ဇီဒန်းကတော့ လက်ရှိမှာ ကလပ်အသင်း လက်မဲ့ဖြစ်နေပြီး ကလပ်အသင်းတချို့က ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဇီဒန်းအနေနဲ့ နည်းပြလောကကို ပြန်လည်ဝင်ရောက်လာပါက ပရီးမီးယားလိဂ်အသင်းတစ်သင်းကို ကိုင်တွယ်ချင်တယ်လို့လည်း အတိအလင်း ဝန်ခံထားတာ ဖြစ်ပါတယ်။ အခုလို အင်္ဂလိပ်စာ သင်ယူနေမှုက တစ်နည်းတစ်ဖုံအားဖြင့် မော်ရင်ဟိုရဲ့ မန်ယူနည်းပြရာထူးကို ခြိမ်းခြောက်လာခဲ့တာ ဖြစ်ပါတယ်။

Photo : talkingbaws

 

ဒီအပတ်အတွင်းမှာလည်း ဇီဒန်းဟာ ဖီဖာအကောင်းဆုံးဆုပေးပွဲအတွက် လန်ဒန်ကို ရောက်နေခဲ့ပြီး ဓာတ်ပုံရိုက်ကူးတွေ ပြုလုပ်ခဲ့စဉ်မှာလည်း တစ်စုံတစ်ယောက်ဆီကို ဖုန်းဆက်နေတဲ့ ပုံစံနဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ ရီးရဲလ်နည်းပြဘဝမှာ ဇီဒန်းက ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး တကယ်လို့သာ မန်ယူနည်းပြဖြစ်လာမယ်ဆိုရင် ပေါ့ဂ်ဘာရဲ့ အကောင်းဆုံးပုံစံကို ရရှိအောင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Share

Loading Next Article...
က္က