ပရီးမီးယားလိဂ်ကို ရောက်လာဖို့ များပါတယ်။

အသက် ၂၇ နှစ်အရွယ် အစ္စကိုကတော့ ဒီနှစ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ၁၇၀ မိနစ်သာ ကစားရပါ သေးတယ်။

လာမယ့် ဇန်နဝါရီဈေးကွက်မှာ ရီးရဲအသင်းကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စီစဉ်သွားမယ်လို့ ရီးရဲကွင်းလယ်ကစားသမား အစ္စကိုက ထုတ်ဖော်ပြောလာတဲ့အကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာ ပါတယ်။

ဒီနှစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုုန်းကန်နေပြီး တစ်ရာသီလုံးမှာမှ ကစားရတဲ့ မိနစ်က ၁၇၀ မိနစ်သာ ရှိနေသေး တာလည်း ဖြစ်ပါတယ်။

AS သတင်းဌာနရဲ့ဖော်ပြချက်အရ အစ္စကိုအနေနဲ့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီး(သို့)အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။



အာဆင်နယ်အသင်းအနေနဲ့လည်း ဒီနှစ်မှာ ကွင်းလယ်ဖန်တီးရှင် ကောင်းကောင်းမရှိပဲ ရီးရဲက စီဘယ်လော့စ်ကို အငှားခေါ်ယူထားရတာကြောင့် အစ္စကိုကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

ရီးရဲအနေနဲ့ လာမယ့် ဇန်နဝါရီမှာ စပါးကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေတာ ကြောင့်လည်း အစ္စကို အနေနဲ့ ရီးရဲက ထွက်ဖို့ ပိုမို ပီပြင်လာခဲ့တာဖြစ်ပါတယ်။

မာလာဂါအသင်းကနေ ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့လာခဲ့တဲ့အစ္စကိုဟာ ရီးရဲ ကစးသမားဘဝတစ်လျှောက် အသင်း အတွက် ၄၈ ဂိုးသွင်းပြီး ၅၂ဂိုးဖန်တီးပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က