ကိုဗစ်ကာလမှာပဲ ဖြစ်ဖြစ်၊ ကိုဗစ်အလွန်ကာလမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုတော့ မြဲမြဲဆုပ်ကိုင်ထားကြရမှာပါပဲ။ ဘယ်လို အကြပ်အတည်းကာလဖြစ်နေပါစေ...ကိုယ့်လက်ထဲ အလုပ်အကိုင်ရှိနေဖို့က အရေးကြီးပါတယ်။
ဒီကာလလွန်သွားမယ့် အခြေအနေအချိန်အခါ တစ်ခုကိုလည်း ထည့်မတွက်ထားလို့ မရပါဘူး။ ဒီတော့ ကိုဗစ်အလွန်ကာလတွေမှာကော အလုပ်အကိုင်အခွင့်အလမ်းအတွက် ပြင်ဆင်ထားရမယ့် အချက် (၅) ချက်ကို ပြောပြပေးချင်ပါတယ်။
၁-နားစွင့်ထားပါ
၂-အမြဲသင်ယူလေ့လာနေပါ
Home Stay ကာလမို့ ၊ အိမ်မှာနေနေရတဲ့အချိန်မို့ ဘာမှမလိုအပ်လို့ဆိုပြီး ကိုယ့်သင်ယူလေ့လာမှုတွေကို ရပ်တန့်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် လိုအပ်တဲ့ Skills တွေ ၊ ကိုယ် ဖြည့်တင်းဖို့လိုတဲ့ Skills တွေကို ဒီလိုအချိန်မှာ ဖြည့်ထားတာက ကိုဗစ်အလွန်ကာလမှာကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုပြီး လမ်းပွင့်စေမှာပါ။
၃-အချိန်တွေကို မဖြုန်းတီးမှုအောင်ကြိုးစားပါ
ဒီလိုအချိန်တွေမှာ လူတိုင်းက စိတ်ဓာတ်ကျအားငယ်တာ၊ ဘာအလုပ်မှ လုပ်ချင်စိတ်မရှိတော့ဘဲ ထိုင်းမှိုင်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်လုပ်ရမယ့်တာဝန်တွေ၊ လုပ်ငန်းတွေကို ပြီးမြောက်အောင်၊ ကိုယ့်ရဲ့ Skills တွေ ကို ဖြည့်တင်းနိုင်အောင် ကြိုးစားပြီး လုပ်ဆောင်ရပါမယ်။ တန်ဖိုးရှိတဲ့ အချိန်တွေကို ဘာမှန်းမသိ ကုန်ဆုံးသွားတာမျိုး လုံးဝအဖြစ်မခံပါနဲ့။
၄-ပြောင်းလဲမှုတိုင်းအပေါ် လိုက်လျောညီထွေဖြစ်အောင်နေပါ
ရုံးမှာ အလုပ်လုပ်ရတာနဲ့ အိမ်မှာ အလုပ်လုပ်ရတာက လုံးဝမတူညီပါဘူး။ အလုပ်လုပ်ရတဲ့နေရာမှာလည်း ပိုပြီး ကသီတာ ၊ ပိုခက်ခဲတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ခါတိုင်း ကိုယ်က Digital ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှုမရှိဘူး၊ မသုံးတတ်ဘူးလို့ ဘယ်လောက်ပဲ တင်းခံခဲ့ပါစေ၊ ဒီလိုကာလမှာတော့ ကုမ္ပဏီတွေ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်အရ အသုံးပြုရမယ့် Digital Tools တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင် လေ့လာထားပါ။
ကိုဗစ်အလွန်ကာလမှာ ဘယ်လို ပြောင်းလဲမှုတွေဖြစ်ပေါ်လာမလဲဆိုတာကို ကြိုတင်လေ့လာထားဖို့ လိုပါတယ်။
၅-ဘယ်လို ပြောင်းလဲမှုတွေရှိလာနိုင်မလဲ သုံးသပ်ပါ
ကိုယ့်ရဲ့ Professional Field ဟာ ဒီ ကိုဗစ်အလွန်ကာလမှာ ဘယ်လို ပြောင်းလဲမှုတွေဖြစ်ပေါ်လာမလဲဆိုတာကို ကြိုတင်လေ့လာထားဖို့ လိုပါတယ်။ နယ်ပယ်ချင်းတူ ၊ လုပ်ငန်းသဘောတရားချင်း တူသူတွေနဲ့ ဆွေးနွေးတိုင်ပင် သုံးသပ်ကြည့်ပါ။ ဖြစ်ပေါ်လာနိုင်မယ့် ပြောင်းလဲမှုတွေအပေါ် ကိုယ့်ဘက်က အမီလိုက်နိုင်အောင် အထက်က အချက် ၄ ချက်ကို သေချာ ဆောင်ရွက်မယ်ဆိုရင်တော့ ကိုဗစ်ကာလမှာကော ကိုဗစ်အလွန်ကာလမှာပါ ချောချောမွေ့မွေ့အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။
ဒါတွေကို ဖတ်ပြီးသွားပြီဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်းဟုတ်မဟုတ် ရှာဖွေဖို့ အဆင့် (၅)ဆင့် နဲ့ ကိုဗစ်ကာလမှာ သင်ရင်ဆိုင်ကျော်ဖြတ်ရမယ့် လုပ်ငန်းခွင် စိန်ခေါ်မှု ၄ ခု တို့ကို ဆက်လက်ဖတ်ရှုလေ့လာကြည့်ပါဦး။
အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/33zsxok ကနေတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။