ပရိသတ်အရှေ့ကိုလည်း ရောက်လာစေချင်တဲ့သူတွေရှိတယ်။

ချောစုခင်ကတော့ ဂီတရေစီးကြောင်းပေါ်မှာ ကြိုးစားနေတဲ့ ဝါသနာရှင်လေးတွေအပေါ် သူမရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။ 

Photo: Chaw Su Khin



ချောစုခင်ကတော့ ဂီတလောကမှာ နှစ်(၂၀) ကျော်အကြာ အတွေ့အကြုံ ရှိပြီးသား အဆိုတော် တစ်ဦးဖြစ်ပါတယ်။ လက်ရှိ ဂီတလောကထဲကို စိတ်ဝင်တစား ရောက်လာကြတဲ့ အဆိုတော်တွေ တိုင်းကိုလည်း သူမက အမြဲတမ်း အားပေးဖြစ်နေတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ 

“ အခုနောက်ပိုင်း အသစ်လေးတွေက သူတို့ရဲ့ စိတ်ခံစားချက်ကို အလေးထားပြီးတော့ သီချင်းလေးတွေ လုပ်ကြတယ်။ပရိသတ်အရှေ့တွေကို ရောက်လာတဲ့ ကလေးလေးတွေ အတွက် ဂုဏ်ယူတယ်။ ပရိသတ်အရှေ့ကို မရောက်လာနိုင်သေးတဲ့ ကလေးတွေ ကိုလည်း တတ်နိုင်သလောက် အကြံလေးတွေ ပေးဖြစ်တယ်။ သူတို့ဘက်က တတ်နိုင်ရင် ကူညီတယ်၊ လမ်းပြပေးတယ်။ ကိုယ်က Music ကို ချစ်တဲ့သူဆိုတော့ အသစ်လေးတွေကို အကုန် Welcome လုပ်တယ်။ Online မှာလည်း ဝါသနာရှင်တွေ တင်တဲ့ သီချင်းတွေ အစ်မ အမြဲနားထောင်တယ်” လို့ သူက ဆိုပါတယ်။ 

Photo: Chaw Su Khin

ခေတ်ရေစီးကြောင်းအတိုင်း မျှောပါလာကြတဲ့ အဆိုတော်အသစ်လေးတွေ အနေနဲ့ ပရိသတ်တွေဆီက ကောင်းတဲ့ အကြံပြုချက်တွေကိုလည်း နားထောင်တတ်ဖို့ လိုအပ်တဲ့အကြောင်း ချောစုခင်က ဆက်လက် ပြောပြခဲ့ပါတယ်။ 

“ အခုခေတ် လူငယ်တွေက ကိုယ့်ထက်တောင် တော်တော်တတ်နေကြတဲ့သူတွေ အများကြီး ရှိပါတယ်။ သူတို့တွေဆီက ပြန်ပြီး သင်ယူမိတဲ့အရာလေးတွေလည်းရှိတယ်။ ဒါပေမယ့် အတွေ့အကြုံဆိုတာ ဝယ်လို့ မရတဲ့ အရာပါ။ ဒါကြောင့် လူကြီးတွေ ပြောပြတာထက် ကိုယ်လိုချင်တာကို ဆွတ်ယူနိုင်ဖို့ လိုတာထက် ပိုသင်ယူနိုင်ရင်တော့ ကောင်းတယ်။ ပရိသတ်တွေထဲမှာလည်း ကောင်းတာပြောတဲ့သူရှိသလို၊ ဆိုးတာပြောတဲ့သူတွေရှိနိုင်တယ်။ ကိုယ့်ကိုပြောတာ အပြုသဘောနဲ့ ပြောသလား၊ ကိုယ်ဘာလိုအပ်သလဲ ဆိုတဲ့အပေါ်မှာ ကောင်းတဲ့ စကားလေးတွေကို သင်ယူတာ ပိုကောင်းတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Chaw Su Khin

အဆိုတော် ချောစုခင်ကတော့ ၂၀၀၀ ခုနှစ်မှာ စုံတွဲသီချင်းတွေ သီဆိုရင်း ဂီတလောကထဲကို စတင်ဝင် ရောက်လာတာပါ။ အသံပါဝါအား ကောင်းတဲ့ အဆိုတော် တစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီး သတိထားမိခဲ့ကြပါတယ်။ တစ်ကိုယ်တော်အခွေပေါင်းများစွာလည်း ထွက်ရှိခဲ့သလို တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က