(၃)လကျော်လောက်ရှိပြီတဲ့။

 ရေဗက္ကာဝင်းက လက်ရှိ အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာ ဖြစ်ပါတယ်။


 

Photo : ရေဗက္ကာဝင်း

အဆိုတော် ရေဗက္ကာဝင်းကတော့ ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းလိုက်တာ (၃)လကျော်လောက် ရှိပြီလို့ ဆိုပါတယ်။ ယခင်က အင်တာဗျူးတွေမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အတိအကျ ပြောပြလို့ ရတဲ့ အခြေအနေ တစ်ခုရောက်မှ ပရိသတ်တွေကို အသိပေးချင်တယ်လို့ ပြောခဲ့တဲ့ သူမက အခုချိန်မှာ ခင်ပွန်းနဲ့ တရားဝင် ကွာရှင်းလိုက်ပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ ယခုအချိန်မှာတော့ သူမစိတ်ကို အေးအေးဆေးဆေးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်နေတယ်လို့ ဆိုပါတယ်။

“တရားဝင်ကွာရှင်းလိုက်တာ (၃)လကျော်ပါပြီ စိတ်ပူပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။သုံး လအတွင်းမှာ အေးအေးဆေးဆေးပဲ ဖြစ်အောင် နေထိုင်ပါတယ်။ကိုယ့်ကိုချစ်တဲ့သူ ကိုယ့်ကိုနားလည်တဲ့သူနဲ့ပဲ ကိုယ်ဖြတ်သန်းတယ်။နောက်ပြီးရင် စိတ်လိုက်မာန်ပါ မလုပ်မိအောင် ကြိုးစားတယ်။အဲ့လိုပဲ နေပါတယ်။အစ်မကို အားပေးတဲ့ ပရိသတ်တွေရှိတယ်။ မိသားစုတွေ၊အစ်မမိတ်ဆွေတွေ အဲ့ဒါတွေကလည်း အစ်မအတွက် ခွန်အားပါ” လို့ သူမက Duwun ကို‌ပြောပါတယ်။

Photo : ရေဗက္ကာဝင်း

အိမ်ထောင်ရေးပြိုကွဲသွားကလည်း သူမအနေနဲ့ ဖြစ်ချင်လို့ ဖြစ်ခဲ့တာမျိုး မဟုတ်ဘဲ မမျှော်လင့်ဘဲ ဖြစ်သွားခဲ့တာလို့ သူမက ဆိုပါတယ်။

“ဒီလိုမျိုး ဖြစ်သွားတာ အမှန်အတိုင်း ပြောရရင် ဖြစ်ချင်လို့တော့ မဟုတ်ဘူး။ လူဘဝဆိုတာ ဘယ်အရာမှ မမြဲဘူးလေ ကိုယ်ကိုတိုင်လည်း ရုပ်နဲ့ခန္ဓာ မမြဲဘူးလေ မမျှော်လင့်ဘဲ ဖြစ်သွားတယ် ဖြစ်ချင်လို့ ဖြစ်တာမျိုးမဟုတ်ဘူး ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်ဘဲ ထင်ပါတယ်။ အစ်မလည်းမြန်မာအမျီုးသမီး ဖြစ်တဲ့အတွက် မြန်မာအမျိုးသမီး သည်းခံတဲ့ ပုံစံအတိုင်းကတော့ အစ်မမှလည်း ရှိပါတယ်။တကယ်တမ်းကျတော့ ကိုယ်နေထိုင်အသက်ရှင်တဲ့အချိန်မှာ ကိုယ်သွားချင်တဲ့ ဘဝရည်မှန်းချက် ဘဝပန်းတိုင် တူညီတဲ့ လက်တွဲဖော်နဲ့ဆိုရင်တော့ ကောင်းတာပေ့ါနော်တစ်ယောက်ကို          တစ်ယောက် သည်းခံပြီးတော့ နေထိုင်ရမှာကိုယ်သွားချင်တဲ့ပန်းတိုင်မတူဘူးဆိုရင် ကိုယ့်လမ်းကိုယ်လျှောက်လိုက်တာ ပိုကောင်းပါတယ်” လို့ သူမက ဖေဖော်ဝါရီ(၂၇)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shayi ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo : ရေဗက္ကာဝင်း

သူမကတော့ အိမ်ထောင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ရှေ့ဆက်လျှောက်ရမယ့် အနုပညာလမ်းကြောင်းကို အဆင်ပြေပြေ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ရေဗက္ကာဝင်း နဲ့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေ တို့ ဇနီးမောင်နှံဟာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့က Judson Church ဘုရားကျောင်းမှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကချင်တိုင်းရင်းသူလေး ရေဗက္ကာဝင်းကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

 

 


Share

Loading Next Article...
က္က