ထိုင်းနိုင်ငံမှာရော၊ မြန်မာနိုုင်ငံမှာပါ ထုတ်လွှင့်သွားမှာပါ။

စည်ဖြိုးဟာ ယိုးဒယားဒါရိုက်တာနဲ့ ရိုက်ကူးမယ့် အက်ရှင်ဇာတ်လမ်းတွဲအတွက် အားသွန်ခွန်စိုက် ကြိုးစားပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီဇာတ်လမ်းတွဲပြင်ဆင်နေချိန်မှာ လက်သန်းကျိုးခဲ့ရတယ်၊ ဒူးဆစ်ပြုတ်ခဲ့ရတယ်၊ ခြေဆစ်လွဲခဲ့ရ တယ်လို့ ဆိုပါတယ်။ အက်ရှင် ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံမှာရော၊ မြန်မာနိုင်ငံမှာပါ ထုတ်လွှင့်ပြသသွားမယ်လို့ ပြောပါတယ်။

Photo: Si Phyo Fb

 

သရုပ်ဆောင် စည်ဖြိုးက အခုလက်ရှိမှာတော့ အက်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ယိုးဒယားလူမျိုး ဒါရိုက်တာနဲ့ စတင်ရိုက်ကူးနေပါပြီ။ ဒီဇာတ်လမ်းတွဲရိုက်ဖို့ ကိုလည်း သိုင်းတွေ ၇ လ အကြာ သိုင်းတွေ သင်ခဲ့ရတယ်ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲရိုက်ဖို့အတွက် တခြား ဇာတ်ကားတွေ လက်မခံပဲ ၇ လတိတိ  ဓားသိုင်းသင်ရတယ်၊ တုတ်သိုင်းသင်ရတယ်၊ ထီးနဲ့ သိုင်းချတဲ့ သိုင်းလည်း သင်ရတယ်။ မြန်မာလက်ဝှေ့လည်း သင်ရတယ်။ ၄ လလောက်သင်ပြီးတော့ ကျွန်တော့်ကို စာမေးပွဲစစ်တယ်။ ပြီးတော့ ၃ လလောက်ထပ်ပြီးတော့ လေ့ကျင့်ရတယ်။ အခုဆို ၂ လရှိပြီ  ရိုက်တာ'' လို့ဆိုပါတယ်။

 

အနုပညာအလုပ်ကို ရူးသွပ်လွန်းတဲ့ စည်ဖြိုးဟာ သူလက်ခံထားတဲ့ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရတဲ့အထိအောင် ကြိုးစားပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ ဒီအက်ရှင်ဇာတ်လမ်းတွဲလေး က   မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။

'' ဘယ်လောက်အထိရူးသွပ်တယ်ဆိုတာ ကျွန်တော်ဖြေခဲ့ပြီးတာတွေ သိမှာပါ။ ကျွန်တော် လက်သန်းကျိုးပြီးသွားပြီ။ ဒူးဆစ်ပြုတ်ပြီးသွားပြီ။ ခြေဆစ်လွဲပြီးသွားပြီ ဇာတ်ကားကောင်းလာမလား မကောင်းလာဘူးလားဆိုတာကိုတော့ ပရိသတ်ဆုံးဖြတ်ပါလိမ့်မယ်။ ၃ လလောက်ထပ် ရိုက်ရ ဦးမယ်။ ၈ လလောက်နေမှ On Air ပေါ်ရောက်မယ်ထင်တယ်'' လို့ စည်ဖြိုးက ပြောပါတယ်။

Photo: Si Phyo Fb

ဘုန်းကြီးကျောင်းတွေ အဓိကထားပြီးအလှူလုပ်ဖြစ်တယ်ဆိုတဲ့ စည်ဖြိုး  

စည်ဖြိုးပါဝင်ထားတဲ့ အက်ရှင်အမျိုးအစား ရုပ်သံဇာတ်လမ်းတွဲကို ယိုးဒယားနိုင်ငံမှာရော မြန်မာနိုင်ငံမှာပါ ထုတ်လွှင့်ပြသသွားမယ်လို့ ဆိုပါ တယ်။ ယိုးဒယား နိုင်ငံမှာဆိုရင် Channel 3 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမှာဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင်တော့ MRTV-4 ရုပ်သံလိုင်း မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

 

စည်ဖြိုးဟာ ဇာတ်လမ်းတွဲထဲက ကာရိုက်တာအတွက် ကြိုးစားပြင်ဆင်နေရတာကြောင့် ပရိသတ်အရှေ့ကို မရောက်ဖြစ်တာလို့ ဆိုပါတယ်။ ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုံတင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ သူပါဝင်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ကလည်း မကြာခင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က