မိသားစုဝင်တွေလို ဖြစ်နေပြီ။

မေတိုးခိုင်အတွက်တော့ နော်ဖောအယ်ထားက မိသားစုဝင်တစ်ယောက်ဖြစ်သလို ညီမလေးတစ်ယောက်လိုလည်း ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါကြောင့် နောဖောအယ်ထားရဲ့ အချစ်ရေးအတွက် သူမဖြစ်စေချင်တဲ့ သဘောထားကိုလည်း ဖွင့်ပြောပြလာပါတယ်။

Photo: May T.Khine

မေတိုးခိုင်က သူမရဲ့ အချစ်ရဆုံး သူငယ်ချင်းဖြစ်သူ နော်ဖောအယ်ထားနဲ့ ရင်းနှီးမှုက ပိုပြီးတော့ ခိုင်မာလာတယ်လို့ ဆိုပါတယ်။ အခုဆိုရင် မိသားစုဝင်တစ်ယောက်လိုတောင်ဖြစ်နေပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဖောဖောကကျတော့ သူငယ်ချင်းတစ်ယောက်လိုလည်းဖြစ်တယ်၊ ညီမတစ်ယောက်လိုလည်း ဖြစ်နေတော့ အခုဆိုလည်း မိသားစုဝင်တစ်ယောက်လို ဖြစ်နေပြီဆိုတော့ တစ်ခုခုဆို အမြဲတမ်း အတူတူသွားဖြစ်တယ်။ အမေတို့ရော၊ တီအူဝဲ တို့ရောပေါ့နော် ဘယ်သွားသွား အမြဲပါတယ်ဆိုတော့ ညီမလေးတစ်ယောက် ရလိုက်သလိုပါပဲ’’ ဆိုပြီးတော့ ဧပြီလ ၂၄ ရက်နေ့ ညက အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။

Photo: Bling

နှစ်ယောက်စလုံးက အနုပညာအလုပ်တွေ လုပ်နေကြတာ ဖြစ်ပေမယ့် ပြိုင်ဆိုင်တာမျိုး မရှိဘူးလို့ မေတိုးခိုင်က ပြောပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ရင်းနဲ့ပဲ ပေါင်းတယ်လို့ဆိုပါတယ်။

‘’ဒီလောကမှာ ပိုပြီး မလွယ်ဘူးပေါ့နော်။ အပြိုင်အဆိုင်တွေလည်းများတယ်။ ဒါပေမယ့် ဖောဖောနဲ့ကျတော့ တစ်ယောက်နဲ့တစ်ယောက် အလုပ်အတူတူလုပ်နေပေမယ့်လည်း ပြိုင်ဆိုင်မှုမရှိဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောလို့ရတယ်။ တစ်ခုခုဆို ထိန်ချန်ထားတာမျိုးလည်း မရှိဘူး။ စိတ်ရင်းနဲ့ တကယ်ပေါင်းတဲ့အတွက်ကြောင့်မို့လို့ အရမ်းအဆင်ပြေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: May T.Khine

နော်ဖောအယ်ထားကတော့ မေတိုးခိုင်ကို တစ်ယောက်တည်း နေစေချင်တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မေတိုးခိုင်ကတော့ နောဖောအယ်ထားရဲ့ အချစ်ရေးအတွက် သူမရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’သူဆိုးသမျှ၊ သူ ဂျီကျသမျှ၊ အနွံတာခံနိုင်တဲ့ ယောကျ်ားမျိုးနဲ့ တွေ့စေချင်ပါတယ်။ သူကတော့ ဂျီကျလို့ရတာ ဖူးပဲရှိတာဆိုတော့ ဖူးကိုတော့ တစ်ယောက်တည်း နေစေချင်မှာပေါ့။ အငယ်တွေ ဆိုတော့လည်းလေ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: May T.Khine

မေတိုးခိုင်နဲ့ နော်ဖောအယ်ထား တို့ဟာ အခုလက်ရှိမှာတော့ အလှဓာတ်ပုံတွေ၊ မဂ္ဂဇင်း Cover Star တွေ အဖြစ်ပါဝင်နေရတာဖြစ်ပါတယ်။ အဲ့ဒီ နောက် Music MTV တွေ၊ ကြော်ငြာတွေလည်း ရိုက်ကူးနေကြရတာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်တွဲ အလှဓာတ်ပုံတွေကနေတဆင့် အားပေးလာ ကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ 

Share

Loading Next Article...
က္က