ဝမ်းသာပီတိဖြစ်လို့နေပါတယ်.

သန္တာလှိုင် ကတော့ Troy Gibson ကြောင့် ယောက္ခမ အခေါ်ခံနေရပြီလို့ ဆိုပါတယ်. Troy Gibson ဟာ တကယ်တော့ သားအရင်းမဟုတ်ဘူးလို့ ဆိုလာပါတယ်.

Photo: Thandar Hlaing Page



သန္တာလှိုင် တစ်ယောက် သားလေး Troy Gibson ကြောင့် မိန်းကလေး ပရိသတ်တွေ ကြားမှာ မျက်နှာ ပွင့်လို့နေပါတယ်. Troy Gibson ပုံကို တင်လိုက်တဲ့ အချိန်မှာတော့ ယောက္ခမ လို့တောင် အခေါ် ခံလိုက်ရပြီလို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်.

'' ဂုဏ်ယူပါတယ်. ဘာကြောင့်လဲ ဆိုတော့ သား ချော လို့ ကိုယ်က ယောက္ခမ အခေါ်ခံရတာ ဘယ်လိုပဲ အထင်ခံရ အထင်ခံရ ကြိုက်တယ်. ကိုယ့်သားတော့ မဟုတ်ဘူး. သူများကလေး ဆိုပေမယ့်လည်း ကိုယ့်ကလေးလို့ ထင်တာကလည်း ဆုတောင်း တစ်ခုပဲလေ. သူ့ အဖေက ဗြိတိန် သူ့အမေက မြန်မာပေါ့. သူ့ကို Model အဖြစ် တင်ဖို့ အစ်မ အခု လုပ်ပေးနေပါတယ်'' လို့ သူကဆိုပါတယ်.

Photo: Thandar Hlaing Page

Troy Gibson ဟာ အနုပညာ မျိုးရိုး မရှိဘူးလို့ ဆိုပါတယ်. သူ့ရဲ့ ရုပ်ရည် နဲ့ ဝါသနာပြင်းထန်မှုတို့ ကြောင့် သန္တာလှိုင်က မြန်မာနိုင်ငံရဲ့ Model လောကမှာ မြေတောင် မြှောက်ပေးဖို့ ရည်ရွယ်ထားတယ်လို့ Balance Fitness ပွဲမှာ ဖြေဆိုခဲ့တာပါ.

'' အနုပညာသွေးတော့ မရှိဘူး ဒါပေမယ့် သူက အနုပညာအလုပ်ကို စိတ်ဝင်စားတယ်. အဲ့ဒါကြောင့် သူ့ကို ခေါ်ပြီးတော့ မြေတောင် မြှောက်ပေးတာပါ. မြန်မာ စကားလည်း ပြောတတ်ပါတယ်. သူ့ အဖေက အစ်မတို့ ငယ်ငယ်ကတည်းက သူငယ်ချင်း. အစ်မ မောင် ဘာဘူနဲ့ ရွယ်တူဆိုတော့ အိမ်ချင်းကလည်း နီးတော့ ငယ်ငယ်ကတည်းက အတူတူ ဆော့လာကြတာပါ'' လို့ ဆက်လက်ပြောပြလာပါတယ်.

Photo: Thandar Hlaing Page

သန္တာလှိုင် မှာတော့ သမီး တစ်ယောက် . သား တစ်ယောက်ရှိပါတယ်. ဒါပေမယ့် Troy Gibson ကတော့ သူ့ရဲ့ သားအရင်း မဟုတ်ဘူးလို့ ဆိုပါတယ်. သူမရဲ့ သား အရင်းကတော့ လက်ရှိမှာ ပညာရေးကို ဦးစားပေးနေတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်.

'' သားလေးက အခု ၈ နှစ် ရောက်သွားပြီ. သူက ကျောင်းတစ်ဖက်နဲ့ပေါ့. ပြီးတော့ သူ့အဖေကလည်း သူ့သားပုံကို ဖေ့စ်ဘွတ်ပေါ် အရမ်းမတင်နဲ့ ဆိုတော့ သူ့ကို ခဏဖယ်ပြီး သူများကလေးပုံကို တင်ထားတာပါ'' လို့ သဘောကျ ရယ်မောရင်း ပြောပြလာတာဖြစ်ပါတယ်.

Photo: Thandar Hlaing Page

သန္တာလှိုင်ဟာ ပထမ အိမ်ထောင်နဲ့ ကွဲသွားခဲ့ပြီးနောက် သားသမီး နှစ်ယောက်ကို တစ်ဦးတည်းပြုစုပျိုးထောင်ရင်း အောင်မြင်မှုတွေ ရနေ တုန်း ပါပဲ။ အခုချိန်မှာတော့ သူမတစ်ဘဝတစ်သာ အားကိုးရမယ့် အမျိုးသား ရှိနေပါပြီ။ သူမထက် ၁ဝ နှစ်ငယ်တဲ့ အမျိုးသားကို ရွေးချယ် ခဲ့ပေမယ့် စိတ်ချမ်းသာလို့နေပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က