စည်ဖြိုးတို့ မိသားစုက သဘောထားပြည့်ဝတယ်။

ခိုင်နှင်းဝေကတော့ သရုပ်ဆောင် စည်ဖြိုးရဲ့ မိခင်နဲ့ ခင်လွှမ်းတို့ရဲ့ ဆက်ဆံရေးတွေအပေါ် သူမရဲ့ အမြင်လေးတွေကို အခုလို ဝေမျှ လာပါတယ်။ 

Photo: Khine Hnin Wai



ခိုင်နှင်းဝေဟာ အနုပညာမောင်နှမ အဖြစ်ရော၊ ပုဂ္ဂိုလ်ရေးအရပါ ခင်မင်မှုရှိတဲ့ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ စည်ဖြိုးတို့ရဲ့ မိသားစုဘဝထဲကို ချွေးမ တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့တဲ့ ခင်လွှမ်း ကလည်း အရမ်းကိုကံကောင်းသူလေးပါလို့ Duwun ကို ပြောပါတယ်။ 

“ ခင်လွှမ်းက အရမ်းကံကောင်းတဲ့ မိန်းကလေးပါ။ ပြီးတော့ အန်တီ သီတို့ကလည်း ချွေးမကို သမီးလေးလို ချစ်တာ တွေ့ရတော့ အရမ်းပီတိဖြစ်ရတယ်။ စည်ဖြိုး ငယ်ငယ်လေးကတည်းက အန်တီတို့ဆီမှာ ဗေဒင်တွေ ဘာတွေ လာမေးနေကြပေါ့။ အန်တီတို့ အမျိုးတွေ အကုန်လုံးကလည်း သဘောထားပြည့်ဝပါတယ်။ အစ်မတို့ဆိုရင် တွေ့ခဲ့သမျှ ယောက္ခမတွေက အဆင်မပြေကြတာမျိုးတွေ ရှိတယ်လေ အခုက ချွေးမ နဲ့ ယောက္ခမ က အရမ်းချစ်ကြတာ တွေ့ရလို့လည်း ပီတိဖြစ်ရတယ်၊ အန်တီရော၊ ခင်လွှမ်းရောက မိခင်ကောင်းတွေ ပီသကြပါတယ်” လို့ ဆိုပါတယ်။ 

Photo: Khine Hnin Wai

စည်ဖြိုးနဲ့ ခင်လွှမ်းတို့ ဇနီးမောင်နှံဟာ လက်မထပ်ခင်ကတည်းက ကိုယ်ဝန်ရှိနေခဲ့တာမို့ မိသားစုနဲ့ ထပ်တူ ဝမ်းသာတဲ့ ပရိသတ်တွေရှိသလို ဝေဖန်ခဲ့ကြတဲ့ ပရိသတ်တွေလည်းရှိပါတယ်။ သာမန် လူငယ်စုံတွဲတွေမှာလည်း အခုလို ဖြစ်ရပ်မျိုးရှိပေမယ့် လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေ မရှိစေချင်တဲ့အကြောင်းကိုလည်း ခိုင်နှင်းဝေက ပြောပြခဲ့ပါသေးတယ်။ 

“ လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ ဘယ်လိုအခက်အခဲကို မဆို မိဘတွေကို အရင်ဆုံး တိုင်ပင်သင့်တယ်။ အစ်မ တွေ့ဖူးတဲ့ လူငယ်တွေကဆိုရင် အကြောက်တရားတွေ များပြီးတော့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်လိုက်တဲ့ အခါမှာ ဘဝအတွက် မဖြစ်သင့်တဲ့ အမှားတွေဖြစ်လာရတယ်။ ဘာပဲဖြစ်ဖြစ် အချစ်ကို အခြေခံပြီး သစ္စာရှိမှု၊ မြတ်နိုးမှုတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခုကို သတ္တိရှိရှိရင်ဆိုင်ရမယ်။ ဖြစ်ပြီးမှတော့ အားလုံးကို ရင်ဆိုင်ရမယ် ဆိုတဲ့သတ္တိလေး မွေးစေချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Khine Hnin Wai

ခိုင်နှင်းဝေဟာ ကိုဗစ်ကာလမှာ သူမရဲ့ ရင်သွေးလေးများ ရိပ်မြုံက ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။ သူမရဲ့ပရဟိတလုပ်ငန်းတွေဟာ ပြည်တွင်းမှာသာ မက ထိုင်းနိုင်ငံ ခိုလမြို့ မှာလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ ပရဟိတအလုပ်တွေကတော့ သူမကို ချစ်တဲ့ ပရိသတ်တွေ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က