အသားအရေ အရမ်းလှတယ်၊

ကိုရီးယားမင်းသားချောလေး Ryu Sang Wook ကတော့ မြန်မာနိုင်ငံရဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြခဲ့ပါတယ်။ သူမရဲ့ အသားအရေက အရမ်းလှတယ်လို့လည်း ချီးကျူးပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနာမည်ကျော်သရုပ်ဆောင် Ryu Sang Wook ကတော့ ‘တိမ်တွေပေါ်က ပန်း’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ဝတ်မှုံရွှေရည်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးတဲ့အချိန်မှာ ဝတ်မှုှုံရွှေရည်ရဲ့ စိတ်နေစိတ်ထားတွေကို မြင်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။



“ကစ်ကစ်က ပုံမှန်အချိန်ဆို အနေအေးတယ်။ တကယ်တမ်း သူနဲ့တွေ့တဲ့အချိန်မှာတော့ စနောက်ပြီးတော့ အတူတူဖြတ်သန်းကြတယ်။ တစ်ခါတလေ အရမ်းစနောက်လွန်းလို့ သူအဆင်ပြေပါ့မလားလို့တွေးမိတယ်။ ရုပ်ရှင်ရိုက်ပြီဆိုရင်လည်း တကယ်ကို စိတ်ပါလက်ပါနဲ့ အာရုံစိုက်ပြီးရိုက်တဲ့အတွက် တကယ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားလာခဲ့ပါတယ်” လို့ ဆိုပါတယ်။

Photo: Li John

Ryu Sang Wook ဟာ ဝတ်မှုံရွှေရည်ရဲ့ အလှအပတွေအပြင် ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်များများကို စိတ်ဝင်စားတဲ့သူပါလို့လည်း ဝတ်မှုံရွှေရည်ရဲ့အကြောင်းတွေ ပြောပြလာပါတယ်။

“ မကစ်ရဲ့ အသားအရေကလည်း အရမ်းလှတယ်။ သူက ကိုရီးယားနဲ့ပတ်သက်ပြီးတော့လည်း အရမ်းစိတ်ဝင်စားတယ်။ အဲဒါကြောင့် သူ့ကို ကိုရီးယားလူမျိုးတွေထဲက တစိတ်တပိုင်း လို့လည်းပြောလို့ရပါတယ်။ တစ်ခါတလေ Instagram မှာဆိုရင် ကိုရီးယားအစားအသောက်ပုံလေးတွေ တင်ထားတာလည်း တွေ့ရတော့ ကိုရီးယားနဲ့ပတ်သက်ပြီး အများကြီး စိတ်ဝင်စားတာများတယ်လို့လည်း သိရတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့က “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Ryu Sang Wook ကိုယ်တိုင်ကလည်း မြန်မာလူမျိူးတွေရဲ့ စိတ်နေစိတ်ထားကို သဘောကျနှစ်သက်တယ်လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာစကားလည်း လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။

“ မြန်မာစကားတွေမှာဆိုရင် ‘ချစ်တယ်’ ၊ ‘မြန်မြန်’ ၊ ‘မင်္ဂလာပါ’ ဆိုတဲ့ စကားတွေတော့ သိတယ်။ ပထမတစ်ခေါက် မြန်မာနိုင်ငံကို လာပြီးကတည်းက မြန်မာလူမျိုးတွေက တကယ်ကိုရိုးသားပြီး ဖော်ရွေတယ်ဆိုတာ ခံစားမိတယ်။ ဒုတိယတစ်ခေါက် ရောက်လာတာကလည်း အဲဒီလို ခံစားမှုမျိုးရဖို့အတွက် သူ မျှော်လင့်တယ်။ မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေ ထပ်ရမယ်ဆိုရင်တော့ ထပ်လာဖို့အတွက် အခွင့်အရေးတွေ ရှိလာမှာပါ” လို့ သူကဆိုပါတယ်။

Photo: Ryu Sang Wook

Ryu Sang Wook နဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ “တိမ်တွေပေါ်က ပန်း” ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်၊ မင်းသန့်မောင်မောင် တို့က ရိုက်ကူးထားတာပါ။ Ryu Sang Wook ကတော့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလာခဲ့သူဖြစ်ပါတယ်။

  



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က