• နွယ်ဒါလီထွန်း ပြောပြတဲ့ Hospital Diary ဇာတ်လမ်းတွဲအကြောင်း

စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး ပြသတော့မှာပါ။

ပရိသတ်စိတ်ဝင်စားမှုတွေရရှိနေတဲ့ Hospital Diary  ဇာတ်လမ်းတွဲ ထဲမှာ နွယ်ဒါလီထွန်းက ပါဝင်သရုပ်ဆောင် ထားတယ် လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ရတဲ့ သူ့ရဲ့ ကာရိုက်တာအကြောင်းကိုလည်း မိတ်ဆက်ပြောပြခဲ့ပါတယ်။

image

Photo: အောင်ပြည်အင်တာတိန်းမန့်

 

နွယ်ဒါလီထွန်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုများစွာ ရရှိနေတဲ့ Hospital Diary  ဇာတ်လမ်းတွဲထဲမှာ ပါဝင် သရုပ်ဆောင်နေတဲ့အကြောင်းနဲ့ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ မင်းခိုက်စိုးစံရိုက်တာပါ။ ထုတ်လုပ်ရေးကတော့ အောင်ပြည် အင်တာတိန်းမန့်ပေါ့။ MRTV ကနေ စက်တင်ဘာ ၂၇ ရက်နေ့ဆိုရင် စလွှင့်ပါပြီ။ ဇာတ်လမ်းတွဲရဲ့ နာမည်ကိုက Hospital Diary ဆိုတော့ ဆေးရုံမှတ်တမ်းပေါ့နော်။ ဆရာဝန်တွေနဲ့ ပတ်သက်တဲ့ ပုံစံမျိုးပေါ့ Profassional နယ်ပယ်တစ်ခုရဲ့ ပုံစံကို သေသေချာချာလေး ရိုက်ပြထားတာ။ ညီမကတော့ ဆရာဝန် ကာရိုက်တာ မဟုတ်ပါဘူး'' လို့ သူက ဆိုပါတယ်။

image

Photo: အောင်ပြည်အင်တာတိန်းမန့်

 

Hospital Diary ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာ အခုဆိုရင် ၂ လကျော်ရှိနေပါပြီ။ ဇာတ်လမ်းတွဲ ရိုက်ကူး နေချိန်မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေ မိတ်ဆက်ပေးလေ့ရှိတာကြောင့် ဇာတ်လမ်းတွဲ မလွှင့်ခင်ကတည်းက ပရိသတ်တွေ စိတ်ဝင်စားမှု ရရှိနေတာဖြစ်ပါတယ်။

'' နေပြည်တော်မှာရိုက်တာဆိုတော့ သွားလိုက်ပြန်လိုက် ဖြစ်နေတယ်။ ၃ လ လောက် ကြာမှာဆိုတော့ အောက်တိုဘာလ လောက်ဆိုပြီးပါပြီ။ ညီမရယ်၊ အောင်မြင့်မြတ်ရယ်၊ ဂုဏ်ရည်အေးကျော်ရယ်၊ခင်သဇင်ရယ်၊ မြတ်သူကျော်ရယ်၊ သူရထူးရယ်၊ စွမ်းထက်တို့ ပါဝင်ပါ တယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၃ရက်နေ့က ပြုလုပ်တဲ့ Dynasty ဆိုင်ဖွင့်ပွဲ မှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ အကြောင်း ရိုက်ကူးမယ့် "Hospital diary" 

မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ အနုပညာလောကမှာ ရပ်တည်နေတဲ့ နွယ်ဒါလီထွန်းက Hospital Diary ရုပ်သံဇာတ်လမ်းတွဲကို စိတ်ဝင်စား လို့ ရိုက်ကူးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်လမ်းဆိုတာထက် ကျန်းမာရေး ဗဟုသုတ ရစေမယ့် ဇာတ်လမ်းဖြစ်တဲ့အကြောင်းကိုလည်း ဆက်လက်ပြောပြထားပါတယ်။

''ဒီဇာတ်ကားက ကိုယ်မသိသေးတဲ့ ကျန်းမာရေးအကြောင်းတွေလည်း ပါတယ်။ ပြီးတော့ ဆရာဝန်တွေရဲ့ ဘဝပေါ့နော်။ သူတို့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရတယ် ဆိုတာတွေ ပါမှာပါ။ ဒါလီက အရင်က ဇာတ်လမ်းမရိုက်ဖြစ်ဘူး။ အရင်က Photo model ၊ ကြော်ငြာမော်ဒယ်ပဲ လုပ်မယ်လို့ စိတ်ကူးထားတာ ကမ်းလှမ်းလာတော့ စိတ်ဝင်စားတယ် ဆိုပြီး ရိုက်ဖြစ်သွားတာ'' လို့ သူကဆိုပါတယ်။

Photo: အောင်ပြည်အင်တာတိန်းမန့်

 

နွယ်ဒါလီထွန်းကိုတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ရော၊ တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာ၊ Music MTV တွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတာ သိပ်မရှိပေမယ့် ရုပ်သံဇာတ်လမ်းတွဲတွေ မှာတော့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Share

Duwun on Youtube
>
Loading Next Article...
က္က